ချန်ပီယံလိဂ်ပြိုင်ပွဲကိုတော့ မနေ့ညကပဲ ပြန်လည်စတင်ကျင်းပခဲ့ပြီး နာမည်ကြီး ရီးရဲလ်မက်ဒရစ်နဲ့ ဂျုဗင်တပ်စ်အသင်းတို့က ပြိုင်ပွဲကနေ စောစောစီးစီး လှည့်ပြန်ထားခဲ့ရပြီး မန်စီးတီးနဲ့ လိုင်ယွန်အသင်းတွေကတော့ ကွာတားမှာဆုံတွေ့ကြတော့မှာဖြစ်ပါတယ်။ ဒီညမှာလည်း ကွာတားဖိုင်နယ် (၂)နေရာစာအတွက် အသင်း(၄)သင်းက ယှဉ်ပြိုင်ရဦးမှာဖြစ်ပြီး ဒီထဲကမှ ဘာစီလိုနာနဲ့ နာပိုလီအသင်းတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး သိရှိထားရမယ့် ပွဲအချက်အလက်တွေအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

ဘာစီလိုနာ

နောက်ဆုံး(၅)ပွဲအနေအထား – (၄)ပွဲနိုင် (၁)ပွဲရှံး

ပါဝင်ဖွယ်မရှိသူများ – ဘူးစကတ်(ပွဲပယ်) ဗီဒယ်(ပွဲပယ်) အမ်တီတီ(ဒဏ်ရာ) ဒမ်ဘီလီ(ဒဏ်ရာ)

အဓိကစောင့်ကြည့်ရမယ့်သူ – မက်ဆီ

ဖြစ်နိုင်ဖွယ်လူစာရင်း (၄-၃-၃)

ဂိုး – စတီဂန်

နောက်တန်း – ဆီမီဒို ပီကေး လွန်းဂလတ် အယ်ဘာ

အလယ် – ရာကီတစ် ရောဘတ်တို ဒီဂျောင်

ရှေ့တန်း – ဂရစ်ဇ်မန်း ဆွာရက်ဇ် မက်ဆီ

နာပိုလီ

နောက်ဆုံး(၅)ပွဲအနေအထား – (၃)ပွဲနိုင် (၂)ပွဲရှံး

ပါဝင်ဖွယ်မရှိသူများ – မရှိ

အဓိကစောင့်ကြည့်ရမယ့်သူ – မာတန်စ်

ဖြစ်နိုင်ဖွယ်လူစာရင်း (၄-၃-၃)

ဂိုး – အော့စ်ပင်နာ

နောက်တန်း – ရာအူ ကူလီဘလီ ဒီလော်ရန်ဇို ဟေဆိုင်

အလယ် – ဇီလန်စကီး ဒီမဲ ဖာဘီယန်ရုဇ်

ရှေ့တန်း – အင်ဆစ်ဂနီ မာတန်စ် ကယ်လီဟွန်

စိတ်ဝင်စားဖွယ် အချက်အလက်များ

ဘာစီလိုနာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း နာပိုလီအသင်းကို အိမ်ကွင်းနူူးကမ့်မှာ ပထမဆုံးအကြိမ် ဧည့်ခံကစားသွားရတော့မှာဖြစ်ပါတယ်။

နာပိုလီအသင်းရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ရှံးထွက်အဝေးကွင်း နောက်ဆုံး(၂)ပွဲလုံးမှာ အရှံးတွေနဲ့သာ ရင်ဆိုင်ထားရပါတယ်။ ၂၀၁၃ခုနှစ်တုန်းက ချယ်လ်ဆီးကို (၄)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ရသလို ရီးရဲလ်မက်ဒရစ်ကိုလည်း ၂၀၁၇ခုနှစ်မှာ (၃)ဂိုး(၁)ဂိုးနဲ့ ရှံးနိမ့်ခဲ့ရပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ရှံးထွက်အဆင့်တွေမှာ ပထမအကျော့ပွဲကို မရှံးအောင်ကစားနိုင်ခဲ့တဲ့အခါတိုင်း ဒုတိယအကျော့ကိုလည်း အနိုင်ကစားတတ်ပြီး နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ခဲ့တာဟာ (၁၉)ကြိမ်အထိကို ရှိပြီဖြစ်ပါတယ်။

နာပိုလီအသင်းကတော့ ချန်ပီယံလိဂ်မှာ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း(၁၀)ပွဲအတွင်း နိုင်ပွဲ(၁)ပွဲလေးသာ ရှိထားခဲ့ပြီး ၂၀၁၉ခုနှစ်က ဆာလ်ဇ်ဘာ့ဂ်အသင်းကို အနိုင်ရထားခဲ့တာဖြစ်ကာ ကျန်တဲ့(၉)ပွဲမှာတော့ သရေ(၄)ပွဲနဲ့ ရှံးပွဲက(၅)ပွဲအထိကို ရှိခဲ့ရပါတယ်။

ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း အိမ်ကွင်း(၃၅)ပွဲဆက်တိုက် လုံးဝကိုရှံးပွဲမရှိထားခဲ့ပဲ နိုင်ပွဲ(၃၁)ပွဲနဲ့ သရေပွဲ(၄)ပွဲအထိကို ရယူထားနိုင်ခဲ့ပါတယ်။