ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွေရဲ့တတိယညပွဲစဉ်အဖြစ် မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ပွဲစဉ်မှာတော့ တကယ့်ကို Shock Result အနေနဲ့ ပေါ်ထွက်ခဲ့ရပြီး ဘိုင်ယန်မြူးနစ်အသင်းက (၈)ဂိုး (၂)ဂိုးနဲ့ အပြတ်အသတ်ကို အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ရကာ အခု ဒီပွဲအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ထူးခြားဖြစ်ရပ်လေးတွေအကြောင်းကို ညီအစ်ကိုတို့အတွက် စုစည်းဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝါရင့်ကစားသမားကြီး သောမတ်စ်မူလာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဘာစီလိုနာအသင်းဘက်ကို (၆)ဂိုးအထိ သွင်းယူထားဖူးနိုင်ခဲ့တဲ့ ပထမဆုံးသော ကစားသမားတစ်ယောက်အဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆင်နွဲခဲ့တဲ့ ကာလတလျှောက်လုံး ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ ပြိုင်ဘက်အသင်းဘက်ကို တစ်ခါမှ ပေးဂိုး(၄)ဂိုးအထိ ခွင့်မပြုခဲ့ဘူးပဲ ဘိုင်ယန်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲမှသာ ပထမပိုင်းအတွင်း သွင်းဂိုး(၄)ဂိုးကို ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတလျှောက် (ချန်ပီယံလိဂ်လို့ ပြောင်းလဲခေါ်တွင်ခဲ့ပြီးနောက်ပိုင်း) ပထမဆုံးအကြိမ်အဖြစ် သွင်းဂိုး(၈)ဂိုးအထိ သွင်းယူခဲ့နိုင်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းအတွက် ဒုတိယချေပဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်ဟာ ၂၀၁၅ခုနှစ်တုန်းက ရိုးမားအသင်းဘက်ကို သွင်းယူခဲ့တဲ့ အဝေးကွင်းဂိုးတစ်ဂိုးနောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပိုင်ဆိုင်ခဲ့တဲ့ အဝေးကွင်းသွင်းဂိုး(ကြားကွင်းမှာ ကျင်းပတာဖြစ်လို့ Away Goal အဖြစ်သာ သတ်မှတ်ခဲ့) ဖြစ်လာခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးဟာ ဘိုင်ယန်အသင်းရဲ့သမိုင်းကြောင်းတလျှောက် ဥရောပပြိုင်ပွဲတွေအတွင်း (၈)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးသော ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ပြီးနောက် အသက်လက်တီကိုမက်ဒရစ်ရော အခုဘာစီလိုနာအသင်းပါ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရတာကြောင့် ၂၀၀၇ခုနှစ်နောက်ပိုင်း စပိန်ကလပ်အသင်းတွေ မပါဝင်နိုင်တော့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို မြင်တွေ့ရပါတော့မယ်။