ဘာစီလိုနာအသင်းရဲ့ ဒုက္ကဌ ဖြစ်သူ ဂျော်ဒီ ကာဒွန်နာ (Jordi Cardoner) ဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံလိုက်ရပြီ ဖြစ်တယ်လို့ စပိန် နိုင်ငံ အခြေစိုက် Metrópoli Abierta သတင်းက ဖော်ပြခဲ့ပြီး ဘာစီလိုနာအသင်းအနေနဲ့ကလည်း တရားဝင် အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။ အသက် (၅၇) နှစ်အရွယ် ကတ္တလန် ဒေသခံ ဘာစီလိုနာအသင်း ဒုတိယ ဥက္ကဌ ဖြစ်သူ ဂျော်ဒီ ကာဒွန်နာဟာ ပြီးခဲ့တဲ့ (၂) ပတ်အတွင်း ဘာစီလိုနာအသင်းမှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရတဲ့ (၃) ဦးထဲက တတိယမြောက် ပုဂ္ဂိုလ် ဖြစ်တယ်လို့ စပိန် အခြေစိုက် သတင်းတွေက ဖော်ပြသွားခဲ့ကြပါတယ်။

Photo Credit: FootballEspana

ဘာစီလိုနာအသင်း ဆေးဝါးဝန်ဆောင်မှု ဆိုင်ရာ ဒါရိုက်တာဖြစ်သူ ရာမွန် ကာနယ်လ် (Ramon Canal) နဲ့ ဆရာဝန် ဂျိုဆက် အန်တိုနီ (Josep Antoni) တို့ဟာလည်း သူတို့ရဲ့ ကိုယ်စီ အိမ်မှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ လက္ခဏာပြပြီးတဲ့ အချိန်မှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ဆေးဖက်ဆိုင်ရာ ဒါရိုက်တာ ကာနယ်လ် နဲ့ ဆရာဝန် အန်တိုနီတို့ဟာ သူတို့ရဲ့ ကိုယ်စီ အိမ်မှာ အနားယူရာကနေ ပြန်လည် သက်သာလာခဲ့ကြပြီ ဖြစ်တယ်လို့ သတင်း ထွက်နေပြီး အသင်းရဲ့ ဒုဥက္ကဌ ကာဒွန်နာလည်း အိမ်မှာ သီးခြားနေ့ပြီး တာဝန်ထမ်းဆောင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit: FootballEspana

ဘာစီလိုနာအသင်းဟာ လူထု ကျန်းမာရေး အကြံံပေးမှုကို လိုက်နာပြီး လွန်ခဲ့တဲ့ မတ်လ (၁၁) ရက်နေ့ ကတည်းက အသင်းရဲ့ လှုပ်ရှားမှု နဲ့ လေ့ကျင့်ခန်း အားလုံးကို ရပ်နားခဲ့ကြတာကြောင့် ဘာစီလိုနာ ကစားသမားတွေထဲက တစ်ဦးမှတောင် ကိုရိုနာ ဗိုင်းရပ် ကူးစက်မခံရတာ ဖြစ်ပါတယ်။ လာလီဂါ ပြိုင်ပွဲဟာ ပြီးခဲ့တဲ့ မတ်လ အကုန်မှာ စပိန် အစိုးရရဲ့ နိုင်ငံတော် အဆင့် သတိပေးမှု ထွက်ပေါ်လာတဲ့ အခါမှာ စပိန် လာလီဂါ ပြိုင်ပွဲကို လုံခြုံမှု မရှိမချင်း ရပ်နားလိုက်ပြီ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီး လာလီဂါ ပြိုင်ပွဲကို ဘယ်အချိန်မှာ ပြန်စမလဲ ဆိုတာ မသိရသေးလျက် ရှိပါတယ်။ လာလီဂါ အဖွဲ့ချုပ်အနေနဲ့ ဘယ်အချိန်မှာ လာလီဂါ ပြိုင်ပွဲကို ပြန်စတင်နိုင်မလဲ ဆိုတာကိုတော့ အတည်မပြုနိုင်သေးပေမဲ့လည်း အခြားအသင်းတွေနဲ့ ဆက်လက် ညှိနှိုင်းနေလျက် ဖြစ်ပါတယ်။