MySport Myanmar

ချယ်လ်ဆီးပစ်မှတ် ခွန်ဒေကို ကြားဖြတ် ခေါ်ယူဖို့ အပူတပြင်း ကြိုးပမ်းလာတဲ့ ဘာကာ

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ နီးစပ်လာချိန်မှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စတင် ကြိုးပမ်းလာပြီး ဆီဗီးလားရဲ့ အဓိက ခံစစ်မှူး ခွန်ဒေကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာက သူတို့ရဲ့ ကြွေးမြီပြဿနာကို ဖြေရှင်းနိုင်ဖို့ အသင်းရဲ့ နှစ်စဉ် ရရှိနေကြ ရုပ်သံထုတ်လွှင့်ခရဲ့ ၂၅ရာခိုင်နှုန်းကို ၁၀နှစ်စာ ရောင်းထုတ်ဖို့ စီစဉ်နေပြီး သူတို့က အမေရိကန်နိုင်ငံမှာ ရှိတဲ့ ပုဂ္ဂလိက ဘဏ်တွေဆီ ၁၀နှစ်စာ ရုပ်သံထုတ်လွှင့်ခရဲ့ ၂၅ရာခိုင်နှုန်းကို ယူရို ၇၀၀သန်း ဝန်းကျင်နဲ့ ရောင်းချနိုင်ဖို့ နီးစပ်နေပါတယ်။

Photo Credit: Marca

ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာက သူတို့ရဲ့ ဘဏ္ဍာရေး အခက်အခဲကို ဖြေရှင်းဖို့ ယူရို ၅၀၀သန်းသာ လိုအပ်တာကြောင့် ရုပ်သံထုတ်လွှင့်ခကို ရောင်းချပြီးနောက် ရလာမယ့် ယူရို ၇၀၀သန်းထဲက လက်ကျန် ယူရို ၂၀၀သန်းကို ကစားသမားသစ်တွေ ခေါ်ယူရာမှာ ပြန်လည် အသုံးချဖို့ စီစဉ်နေပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာက ဆီဗီးလားရဲ့ အဓိကနောက်ခံလူ ခွန်ဒေကို သူတို့ရဲ့ ထိပ်သီးပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ဆီဗီးလားရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ခွန်ဒေရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ထားကြောင်း နာမည်ကြီး စပိန်သတင်းထောက် ရိုမဲရိုးက ဆိုပါတယ်။

Photo Credit: Marca

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဗဟိုနောက်ခံလူ ခွန်ဒေက ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုစလုံးမှာ စပိန်လာလီဂါရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ၅ဦး စာရင်းဝင်သူ ဖြစ်ပြီး ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးဟာ သူ့ကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားနေခဲ့တာပဲ ဖြစ်ပါတယ်။

ကတ်တလန်တာ အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Caralunya Radio သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ခွန်ဒေရဲ့ အပြောင်းအရွှေ့ အတွက် ဆီဗီးလားနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေရာ သဘောတူညီမှု ရဖို့ နီးစပ်နေပြီး ဘာစီလိုနာက ခွန်ဒေအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၅သန်းနဲ့ ယူရို ၆၀သန်းကြား အသုံးပြုဖို့ စီစဉ်ထားသလို ကစားသမား တဦးပါ ထပ်မံ အလိုက်ပေး ကမ်းလှမ်းဖွယ် ရှိကြောင်းလည်း သိရပါတယ်။

Exit mobile version