စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုပွဲစဉ် ၂ပွဲ ကစားပြီးချိန်မှာ နှစ်ပွဲစလုံးကို အရေးနိမ့်ခဲ့သလို ဂိုးပေါက်တည့် ကန်ချက် တကြိမ်မှ ပြုလုပ်ထားနိုင်ခြင်း မရှိတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ခြေစွမ်းအဆိုးဝါးဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ဆုဖလားကို လေးကြိမ်တိုင်တိုင် ရရှိထားကာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အစဉ်အလာ ကြီးမားတဲ့ အသင်းတသင်း ဖြစ်ပေမယ့် ယခုနှစ်မှာတော့ နည်းပြကိုးမန်းရဲ့ အနာဂတ် မတည်မငြိမ် ဖြစ်မှုတွေနဲ့အတူ အသင်းရဲ့ ခြေစွမ်းကလည်း အတော်လေး ကျဆင်းနေပါတယ်။

Photo Credit: Metro

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုEအတွင်းမှာ ဘိုင်ယန်မြူးနစ် ၊ ဘင်ဖီကာ ၊ ဒိုင်နမိုကိဗ် စတဲ့ အသင်းတွေနဲ့ အတူ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ် အဖြစ် ကစားခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ပွဲစဉ်မှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့သလို အုပ်စုဒုတိယပွဲမှာလည်း ဘင်ဖီကာအသင်းကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုရဲ့ အောက်ဆုံးနေရာကို ရောက်ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘင်ဖီကာအသင်းတို့ကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ ဘာစီလိုနာအသင်းဟာ ဂိုးပေါက် ကန်သွင်းမှု ၁၃ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့် ကန်သွင်းချက် တကြိမ်မှ မရခဲ့ပါဘူး။

Photo Credit: Metro

ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သမိုင်းမှာ အုပ်စုအဖွင့်ပွဲစဉ် ၂ပွဲ ကစားပြီးချိန်မှာ ဂိုးပေါက်တည့် ကန်ချက် တကြိမ်မှ မပြုလုပ်နိုင်တဲ့ အသင်း မရှိဖူးတာကြောင့် ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ခြေစွမ်း အဆိုးဝါးဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဘာစီလိုနာအသင်း အနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ နည်းပြကိုးမန်းကို ခပ်မြန်မြန် ထုတ်ပယ်ဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။