မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းမှာ မက်ဆီ နဲ့ ဘောလုံး အားကစား ဒါရိုက်တာ ဖြစ်သူ အဘီဒယ်လ်တို့ရဲ့ အဆင်မပြေမှုကို အခွင့်ကောင်းယူပြီး ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အဘီဒယ်လ်ဟာ မက်ဆီနဲ့ အဆင်မပြေဖြစ်ပြီးနောက် ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဘာတိုဗျူနဲ့ (၂) နာရီကြာ အစည်းအဝေးထိုင် ဆွေးနွေးခဲ့ကြပြီး သူ့ရဲ့ ရာထူးကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာကြောင့် အသင်းက ထုတ်ပယ်မခံရမှာ ဖြစ်ပါတယ်။

Photo Credit: Goal

အဘီဒယ်လ်ဟာ အသင်း တာဝန်ရှိသူတွေရဲ့ ယုံကြည်မှုကို ပြန်လည် ရရှိခဲ့ပေမဲ့လည်း မက်ဆီနဲ့ သူ့ရဲ့ ဆက်ဆံရေးက တင်းမာနေဆဲ ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းက မက်ဆီကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ (၂၀၂၁) ခုနှစ်အထိ စာချုပ်ရှိနေသေးတာ ဖြစ်ပေမဲ့ မပျော်ရွှင်လို့ ရာသီကုန်မှာ အသင်းက ထွက်သွားချင်တယ် ဆိုရင် အလွတ်နဲ့ ပြောင်းနိုင်တာကြောင့် ဘာစီလိုနာအသင်းအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။

Photo Credit: Goal

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ အဘီဒယ်လ်ရဲ့ ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်သွားခဲ့စဉ် ကတည်းက ဘာစီလိုနာအသင်းမှာ အခြေအနေ အငြိမ်သက်မှုတွေ ရှိလာပြီး မန်စီးတီးအသင်းက မက်ဆီကို ခေါ်ယူဖို့ ကြိုးစားလာခဲ့ပါတယ်။ မန်စီးတီးအသင်းကသာ မက်ဆီကို ခေါ်ယူနိုင်မယ် ဆိုရင် နည်းပြ ဂွါဒီယိုလာ နဲ့ မက်ဆီတို့ရဲ့ ဆရာတပည့် ပေါင်းစည်းမှုကို ပြန်မြင်ရမှာ ဖြစ်ပြီး မန်စီးတီးအသင်းအတွက်ကတော့ အကောင်းဆုံး ရတနာကို ရှာဖွေ တွေ့ရှိမှု ဖြစ်သွားနိုင်ပါတယ်။