Little Magician လို့ တင်စားခေါ်ဆိုခံထားရတဲ့အထိ ဘောလုံးနည်းစနစ်ပိုင်းမှာ ကြွယ်ဝသူတစ်ဦးဖြစ်တဲ့ ဖီလစ်ပီကော်တင်ဟိုဟာ သူအရမ်းတောက်ပခဲ့ရာ သူရဲ့အောင်မြေတစ်ခုဖြစ်တဲ့ လီဗာပူးလ်ကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ ကော်တင်ဟိုရဲ့ အတောက်ပဆုံးနေ့ရက်တွေဆိုတာ ထပ်မပေါ်ပေါက်လာတော့ပဲ အဲ့ဒီကနေတစ်ဆင့် ဘိုင်ယန်မြူးနစ်အသင်းဆီကို အငှားချခံခဲ့ရတော့လည်း အရင်ကော်တင်ဟို ပုံစံတိုင်း ပြန်လည်ပြသနိုင်ခြင်းမရှိလို့ အခုဆိုရင် သူ့ကို အပြီးသတ်ခေါ်ယူချင်နေတဲ့ အသင်းတွေတောင် မရှိသလောက်ဖြစ်နေရတယ်လို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Metro

ဘာစီလိုနာအသင်းက ကော်တင်ဟိုကို လီဗာပူးလ်ကနေ ပေါင်သန်းပေါင်းများစွာနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အသင်းနဲ့အံ့ဝင်ခွင်ကျဖြစ်အောင် ကစားနိုင်ခြင်းမရှိတာကြောင့် အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးလာခဲ့ရကာ နောက်ဆုံးမှာတော့ ဘိုင်ယန်အသင်းဆီကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ ဘိုင်ယန်မှာလည်း ကော်တင်ဟိုက သူရဲ့ခြေစွမ်းအစစ်အမှန်တွေကို မပြသနိုင်ခဲ့သလို ဘိုင်ယန်ဘက်ကနေလည်း ကော်တင်ဟိုကို ပွဲထွက်စာရင်းမှာ အမြဲအသုံးပြုခြင်းမရှိပဲ ရာသီကုန်ရင်တောင် အပြီးသတ်ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက် ဖြစ်နေရပါတယ်။

Photo Credit : FC Barcelona

ဒီလိုအခြေအနေတွေဖြစ်နေတဲ့ ကော်တင်ဟိုကို ဘာစီလိုနာအသင်းကနေ ရောင်းထုတ်ချင်နေပေမယ့်လည်း လက်ရှိမှာ ကော်တင်ဟိုကို အပြီးသတ်ခေါ်ယူမယ့်အသင်းက မရှိသလောက်ကို ဖြစ်နေတာကြောင့်မို့ ဘာစီလိုနာအတွက် ခေါင်းခဲစရာ ဖြစ်နေရပါတယ်။ ဘာစီလိုနာအသင်းက လာမယ့်ရာသီမှာ အသင်းသားဟောင်းနေမာနဲဲ့ မန်စီးတီးနောက်ခံလူ လာပေါ့တ်တို့ကို ခေါ်ယူဖို့အတွက် ဘက်ဂျက်အင်အားလုံလောက်နေအောင် ကော်တင်ဟိုလို အသင်းနဲ့ အံ့မဝင်နိုင်တဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားပေမယ့် အခုအခြေအနေအရတော့ လာမယ့်ရာသီမှာလည်း အခြားသော အသင်းတစ်သင်းဆီကို ဆက်လက်အငှားချရဖွယ်ရှိနေပါတယ်။ လက်ရှိမှာတော့ ကော်တင်ဟိုကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးကနေ အငှားနဲ့ခေါ်ယူချင်နေပါတယ်။