ဘာစီလိုနာအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ တောင်ပံကစားသမား ဇာဟာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စဉ်းစားနေဆဲ ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Youtube

ပဲလေ့စ်အသင်းဟာ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် အဓိက ကစားသမားဖြစ်သူ ဇာဟာကို free transfer နဲ့ လက်မလွတ်ရခင်မှာ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပေမယ့်လည်း ဇာဟာကိုယ်တိုင်ကတော့ အတွေ့အကြုံသစ်တွေကို ရှာဖွေဖို့အတွက် ပဲလေ့စ်ကနေ ထွက်ခွာသွားဖွယ်သာ ရှိနေပါတယ်။ ဇာဟာအနေနဲ့ ပဲလေ့စ်ရဲ့ စာချုပ်ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး အသင်းကနေ အလွတ်နဲ့ ထွက်ခွာမယ်ဆိုရင် သူ့ကို အာဆင်နယ် ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ် အသင်းတွေက အပြိုင် ကမ်းလှမ်းဖို့ ရှိနေတဲ့အပြင် ဘာစီလိုနာကလည်း ဇာဟာ အခြေအနေကို ဆက်လက် စောင့်ကြည့်သွားဖွယ်လည်း ရှိနေပါတယ်။

Barcelona suffer blow in Zaha pursuit | FootballTransfers.com

Photo Credit : Football Transfer

Daily Telegraph ရဲ့ သတင်းဖော်ပြချက်အရ ဘာစီလိုနာအသင်းအနေနဲ့ ဇာဟာရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်ပြီး ဆက်သွယ်မှုတွေ ပြုလုပ်ထားခဲ့တယ်လို့ ဖော်ပြလာခဲ့ရာ ဒီ အပြောင်းအရွှေ့က စိတ်ဝင်တစားနဲ့ စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့လည်း အသင်းမှာ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အကျပ်အတည်းတွေနဲ့ ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်လို့ ဇာဟာလို talented player မျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့သာ အဆင်ပြေနိုင်ပေမယ့် ဇာဟာရဲ့ လုပ်ခ လစာပိုင်းကတော့ ဘာစီလိုနာအတွက် အနည်းငယ် ခေါင်းခြောက်စရာ ဖြစ်လာနိုင်ပါတယ်။

Lionel Messi's Barcelona return IMPOSSIBLE as Laporta fails to answer to  key question | FootballTransfers.com

Photo Credit : Football Transfer

ဘာစီလိုနာအသင်းဟာ တစ်ဖက်မှာလည်း အသင်းရဲ့ icon player ကြီး လီယွန်နယ်မက်ဆီကို အသင်းဆီ ပြန်လည် ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းလျက် ရှိနေတာကြောင့် တကယ်လို့ မက်ဆီကို လုံးဝ သေချာပေါက် ခေါ်ယူမယ်ဆိုရင် အသင်းအတွင်း ပြောင်းလဲစရာတွေ များစွာ လုပ်ဆောင်ရဖို့လည်း ရှိနိုင်တာကြောင့် တခြား အပြောင်းအရွှေ့တွေမှာ သွားပြီး အကျိုးသက်ရောက်နိုင်ပါတယ်။