MySport Myanmar

အိုးထရက်ဖို့ဒ်မှာ မန်ယူကို အနိုင်ယူ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ပတ်ဒရီ ယုံကြည်နေ

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ပတ်ဒရီက အိုးထရက်ဖို့ဒ်ကွင်းမှာ ပြန်လည် ကစားသွားရမဲ့ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ ဒုတိယအကျော့ပွဲစဉ်မှာ သူတို့ရဲ့ ဘာစီလိုနာအသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူ ကျော်ဖြတ်သွားနိုင်လိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။

Photo Credit : Football Espana

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ ပထမအကျော့ပွဲစဉ်မှာ တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျခဲ့ရပြီး အဲ့ဒီပွဲစဉ်မှာပဲ ဘာစီလိုနာရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ ပတ်ဒရီပါ ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ဒီ ဒဏ်ရာ ပြသာနာကြောင့် ပတ်ဒရီဟာ အိုးထရက်ဖို့ဒ်မှာ ကစားရမဲ့ ဒုတိယအကျော့ပွဲစဉ်ကို သေချာပေါက် လွဲချော်သွားရတော့မှာ ဖြစ်ပေမဲ့လည်း သူရဲ့ ဘာစီလိုနာအသင်းက အိုးထရက်ဖို့ဒ်မှာ မန်ယူနိုက်တက်ကို အနိုင်ယူ ကျော်ဖြတ်သွားနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football Espana

ပတ်ဒရီက “ကျွန်တော်က ကွင်းထဲမှာ အသင်းအတွက် ကစားပေးရတာကို ပိုသဘောကျတာမို့ ပါဝင်ရခြင်း မရှိပဲ အပြင်ကနေ ကြည့်နေရတာက တကယ်ဆိုးပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်ကတော့ အသင်းကို ယုံကြည်မှု အပြည့် ရှိပါတယ်။ ကျွန်တော်တို့ ဒီပွဲကို စောင့်မျှော်နေပါတယ်။ ကျွန်တော်တို့ကို စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်တဲ့ ကွင်းကြီးထဲမှာ ရလဒ်ကောင်းတစ်ခု ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : ESPN

ဒီ ဒုတိယအကျော့ပွဲစဉ်ကို ပတ်ဒရီက ပေါင်ဒဏ်ရာကြောင့် လွဲချော်ရမှာ ဖြစ်သလို ဒမ်ဘီလီကလည်း ကြွက်သားဒဏ်ရာကြောင့် လွဲချော်ရနိုင်ပြီး ဂါဗီမှာလည်း အဝါကတ် (၃)ကြိမ် ပြသခံထားရတာကြောင့် လွဲချော်ရဦးမှာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်ဘက်မှာတော့ အဲရစ်ဆင် ဗန်ဒယ်ဘိခ် မက်ဂွိုင်းယား မာရှယ်တို့ ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ရမှာ ဖြစ်ပေမဲ့လည်း ပထမအကျော့တုန်းက မပါဝင်နိုင်ခဲ့တဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ကွင်းလယ်လူ ဆာဘစ်ဇာတို့က ပွဲပယ် ပြစ်ဒဏ်ကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်လို့ ပြန်လည် ပါဝင်လာနိုင်တော့မှာ ဖြစ်ပါတယ်။

Exit mobile version