အာဂျင်တီးနား အသင်းရဲ့ လက်ရွေးစင် ကစားသမားဟောင်း ဖြစ်သူ ကာနီဂီယာ (Caniggia) က နိုင်ငံတူ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး မက်ဆီဟာ ခေါင်းဆောင်မှု ကင်းမဲ့နေပြီး သူ့ရဲ့ ဘာစီလိုနာအသင်းက အကောင်းဆုံး ပုံစံမှာ မရှိဘူး ဆိုရင် ရုန်းကန်းရတယ်လို့ ဝေဖန်ခဲ့ပါတယ်။ တိုက်စစ်မှူး မက်ဆီဟာ လက်ရှိအချိန်အထိ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၇၃၁) ပွဲ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၆၃၄) ဂိုး သွင်းယူထားတာ ဖြစ်ပြီး အာဂျင်တီးနား လက်ရွေးစင် အသင်းအတွက် လက်ရွေးစင် ပွဲစဉ် (၁၆၁) ပွဲ ကစားထားရာမှာ (၈၆) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ကစားလာခဲ့တဲ့ ကာလ တစ်လျှောက် ဘာစီလိုနာအသင်းကို လာလီဂါ ဆုဖလား (၁၀) ကြိမ် နဲ့ ချန်ပီယံလိဂ် ဆုဖလား (၄) ကြိမ် ရရှိအောင် ကူညီနိုင်ခဲ့ပြီး ဘလွန်းဒီအော်ဆုကိုလည်း (၆) ကြိမ်မြောက် အများဆုံး ရရှိထားတဲ့ သူ ဖြစ်ပါတယ်။ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းမှာ မရေတွက်နိုင်လောက်အောင် များပြားတဲ့ ဆုတွေ ရရှိခဲ့ပေမယ့်လည်း အာဂျင်တီး လက်ရွေးစင် ကစားသမားဟောင်း ကာဂီနီယာက မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းက အကောင်းဆုံး ပုံစံ မရဘူး ဆိုရင် ရုန်းကန်နေရတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

Canal 26 သတင်းမှာ ကာနီဂီယာက “မက်ဆီက ခေါင်းဆောင်မှု ကင်းမဲ့နေတယ်။ သူ့ရဲ့ အသင်းက ပိုကောင်းတဲ့ ပုံစံ မဟုတ်တဲ့ အချိန်မှာ သူ ရုန်းကန်ရပါတယ်။ မက်ဆီက တာဝန်ယူမှုတော့ ရှိတယ်။ သူ အကျင့်ကောင်းတာ ရှင်းလင်းပါတယ်။ ဘာစီလိုနာအသင်းမှာ ဘာဖြစ်ခဲ့သလဲ ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော် အမြဲတမ်း ပြောနေတာက ဒီအရာတွေက သူ့အတွက် ခက်ခဲပါတယ်။ သူ့ရဲ့ အသင်းက အခြားအသင်းထက် ပိုမကောင်းတာကို သူ မြင်တွေ့ရတဲ့ အခါမှာ သူ နာကျင်ခံစားရပါတယ်။ သူ ကွင်းထဲကို ဝင်ကစားပြီး သူ့ရဲ့ အသင်းက ပို မကောင်းတော့ဘူးလို့ မြင်တဲ့ အချိန်မှာ၊ နိုင်ပွဲ ရဖို့ မလွယ်ဘူးလို့ သိတဲ့ အချိန်မှာ သူ ခံစားချက် မကောင်းပါဘူး။ သူဟာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရုန်းကန်ရပါတယ်”လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။