ဘာစီလိုနာ နည်းပြ ဆက်တီယန်ကတော့ လက်ရှိရာသီမှာ ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါ ဆုဖလားကို မရဘူး ဆိုရင် အချို့ တာဝန်ကို ယူမှာ ဖြစ်ပေမယ့်လည်း အားလုံးကို တာဝန်ယူမှာ မဟုတ်ပါဘူးလို့ ယနေ့၊ ဗုဒ္စဟူးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါ ပြန်ပွဲ ပြန်မစခင်မှာ အဆင့် (၁) နေရာကို ရရှိထားပေမဲ့လည်း လာလီဂါ ပြိုင်ပွဲ ပြန်စပြီးနောက် သရေ (၃) ပွဲ ကျခဲ့တာကြောင့် ရမှတ် (၆) မှတ် ဆုံးရှုံးသွားခဲ့ပြီး လက်ကျန် ပွဲစဉ် (၂) ပွဲပဲ ကျန်တော့တဲ့ အချိန်မှာ ရမှတ် (၄) မှတ်အထိ အဖြတ်ခံထားရပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ လက်ကျန် ပွဲစဉ် (၂) ပွဲသာ ကစားဖို့ လိုအပ်တော့တဲ့ အချိန်မှာ အဆင့် (၁) နေရာက ရီးရဲလ်အသင်းနဲ့ ရမှတ် (၄) မှတ် ကွာဟနေတာကြောင့် လက်ရှိရာသီမှာ လာလီဂါ ဆုဖလားကို ဆက်တိုက် ရရှိနိုင်တဲ့ အခွင့်အရေးကို လက်လွတ်သွားရဖွယ် ရှိနေပြီပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြိုင်ပွဲပြန်စပြီးနောက် ရမှတ်တွေ ဆုံးရှုံးခဲ့တာ ဖြစ်ပေမယ့်လည်း နည်းပြ ဆက်တီယန်ကတော့ လက်ရှိရာသီမှာ ဘာစီလိုနာအသင်း လာလီဂါ ဆုဖလား မရနိုင်ဘူး ဆိုရင် အချို့ တာဝန်ကို ယူရမှာ ဖြစ်ပေမယ့် အားလုံးကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Marca

ယနေ့၊ ဗုဒ္စဟူးနေ့က သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ဆက်တီယန်က “ဘာစီလိုနာအသင်းက ဆုဖလား မရဘူး ဆိုရင် ကျွန်တော် ဒီအတွက် အချို့ တာဝန်ကို ယူမယ်။ ဒါပေမယ့် အားလုံးကို မယူနိုင်ပါဘူး။ နည်းပြတွေက အမြဲတမ်း အရင်ဆုံး အပြစ်တင်ခံရယ် ဆိုတာကိုတော့ ကျွန်တော် ယုံတယ်။ ကျွန်တော် ပွဲစဉ် (၃) ပွဲ သရေကျတာက အရမ်း ဆိုးရွားတာ မဟုတ်ဘူးလို့ ကျွန်တော် မြင်တယ်။ ကျွန်တော် ရီးရဲလ်အသင်းကို ပြိုင်ပွဲပြန်စကတည်းက အားလုံးကို အနိုင်ကစားခဲ့ကြတဲ့ အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့က တက်ကြွမှု ကင်းမဲ့နေခဲ့တယ်။ ဗယ်လာဒိုးလစ် နဲ့ အိုဆာဆူနာတို့လို ပြိုင်ဘက်အသင်းတွေက အများကြီး ပြောင်းလဲလာခဲ့ကြပြီး ကျွန်တော်တို့က မပြောင်းလဲနိုင်ခဲ့ကြပါဘူး”လို့ ပြောခဲ့ပါတယ်။