ဘာစီလိုနာ နည်းပြ ဆက်တီယန်ကတော့ မနက်ဖြန်၊ တနင်္ဂနွေည၊ (၉း၃၀) မှာ ကစားရမယ့် အလာဗက်စ်အသင်းနဲ့ ပွဲစဉ်အတွက် ပွဲကြို သတင်းစာ ပြုလုပ်သွားခဲ့တဲ့ အချိန်မှာ ဘာစီလိုနာအသင်းက အကောင်းဆုံး ပုံစံနဲ့ ကစားရင် ချန်ပီယံလိဂ် ဆုဖလားကို ရရှိနိုင်တယ်လို့ ပြောခဲ့ပါတယ်။ နည်းပြ ဆက်တီယန်ဟာ လာလီဂါ ပြိုင်ပွဲ ပြန်မစခင်မှာ အဆင့် (၁) နေရာကနေ ရမှတ် (၃) မှတ်ဖြတ် ဦးဆောင်နေပေမယ့်လည်း လာလီဂါ ပြိုင်ပွဲ ပြန်စတဲ့ အချိန်မှာတော့ သရေပွဲစဉ် နဲ့ ရှုံးပွဲကြောင့် အဆင့် (၂) နေရာကို ရောက်သွားခဲ့ပြီး လာလီဂါ ဆုဖလားကိုလည်း ဆုံးရှုံးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ လာလီဂါ ပြိုင်ပွဲ ပြန်စပြီးနောက် ပထမဆုံး ရှုံးပွဲ အဖြစ်နဲ့ အိုဆာဆူနာအသင်းကို အိမ်ကွင်းမှာ (၁-၂) ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် လာလီဂါ ဆုဖလားကိုလည်း ဆုံးရှုံးခဲ့ရတာ ဖြစ်ပြီး ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ နာပိုလီအသင်းနဲ့ ကစားသွားရဦးမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့မှာ နာပိုလီအသင်းနဲ့ (၁-၁) သရေကျခဲ့တာကြောင့် နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ အခွင့်အရေး (၅၀) ရာခိုင်နှုန်းစီ ရှိနေပေမယ့် နည်းပြ ဆက်တီယန်က ချန်ပီယံလိဂ် ဆုဖလားကို ရရှိနိုင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Marca

သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ဆက်တီယန်က “ကျွန်တော်တို့ နောက်ဆုံး ကစားသွားခဲ့တဲ့ ပွဲစဉ်တွေကလို ဆက်ကစားမယ် ဆိုရင် ပွဲစဉ်တွေကို အနိုင်ရဖို့ အခွင့်အရေး ရှိမှာ မဟုတ်တာ သေချာပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့မှာ ပွဲစဉ်ကောင်းတွေ ရှိခဲ့ပြီး ကျွန်တော်တို့က အဲဒီပွဲစဉ်ကောင်းတွေလို ကစားသွားမယ် ဆိုရင် ကျွန်တော်တို့ အနိုင်ရရှိနိုင်ချေ ရှိနေပါတယ်။ တိုးတတ်ရမယ့် အရာတွေ အများကြီး ရှိတယ် ဆိုတာကို ကျွန်တော်တို့ သတိထားမိကြပါတယ်။ ကျွန်တော်တို့ ပိုပြီး ခြေစွမ်းတည်ငြိမ်ရမယ်။ ဒါက အမှန်ပါ။ ကျွန်တော်တို့ ဗီလာရီးရဲလ်အသင်း နဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကလို ကစားမယ် ဆိုရင် ချန်ပီယံလိဂ် ဆုဖလားကို ရရှိနိုင်ချေ ရှိနေပါတယ်။ ကျွန်တော်တို့ မိနစ် (၉၀) အတွင်းမှာ ပိုပြီး ခြေစွမ်းတည်ငြိမ်ဖို့ လိုအပ်ပြီး အကောင်းဆုံး ပုံစံနဲ့ ကစားမယ် ဆိုရင် ချန်ပီယံလိဂ် ဆုဖလား ရရှိနိုင်တယ် ဆိုတာကို ယုံကြည်ရပါမယ်”လို့ ပြောသွာခဲ့ပါတယ်။