ဘာစီလုိနာအသင္းဟာ လက္ရွိ လာလီဂါ အမွတ္ေပးဇယားမွာ အဆင့္ (၂) ေနရာက ရီးရဲလ္အသင္းနဲ႔ ရမွတ္ (၄၀) မွတ္တူ၊ ဂုိးကြာျခားခ်က္နဲ႔ အဆင့္ (၁) ေနရာကုိ ထိန္းထားႏုိင္ေပမဲ့လည္း စူပါကုိပါ ဖလား ဆီးမီး ဖုိင္နယ္ ပဲြစဥ္မွာ အက္သလက္တီကုိအသင္းကုိ (၂-၃) နဲ႔ အေရးနိမ့္ခဲ့ၿပီး ျပိဳင္ပဲြကေန ထြက္သြားၿပီးတဲ့ေနာက္ နည္းျပ ဗယ္ဗာဒီကုိ တရားဝင္ ထုတ္ပယ္သြားခဲ့ပါတယ္။

Photo Credit: DailyMail

ဘာစီလုိနာအသင္းဟာ နည္းျပ ဗယ္ဗာဒီကုိ ထုတ္ပယ္ၿပီးတဲ့ အခ်ိန္မွာေတာ့ ရီးရဲလ္ ဘက္တစ္နည္းျပေဟာင္း ကီေကး ဆက္တီယန္ကုိ နည္းျပသစ္ အျဖစ္ ရာသီကုန္အထိ ခန္႔အပ္သြားခဲ့ၿပီး နည္းျပ ကီေကး ဆက္တီယန္ဟာ ရီးရဲလ္ ဘက္တစ္အသင္းကုိ နည္းျပခဲ့စဥ္က ဆုဖလား (၁) ခုမွ မရႏုိင္ခဲ့တာေၾကာင့္ (၂၀၁၈) ခုႏွစ္ ရာသီမွာ နည္းျပအျဖစ္က ထုတ္ပယ္ခံခဲ့ရတာ ျဖစ္ပါတယ္။

Photo Credit: DailyMail

နည္းျပ ဗယ္ဗာဒီဟာ (၂၀၁၇) ခုႏွစ္ ေမလက ဘာစီလုိနာအသင္းကုိ ေရာက္လာခဲ့စဥ္ကတည္းက ပဲြစဥ္ (၁၄၅) ပဲြ နည္းျပခဲ့ရာမွာ (၁၆) ပဲဲြရႈံး၊ (၃၂) ပဲြသေရ နဲ႔ (၉၇) ပဲြႏုိင္၊ စတဲ့ ရလဒ္ကုိ ရရွိခဲ့ၿပီး ဘာစီလုိနာအသင္းအတြက္ လာလီဂါ ဆုဖလား (၂) ႀကိမ္၊ ကုိပါဒယ္လ္ေရး ဆုဖလား (၁) ႀကိမ္ နဲ႔ စပိန္စူပါဖလား (၁) ႀကိမ္ ရယူေပးခဲ့ေပမဲ့လည္း ေနာက္ဆုံးမွာေတာ့ ထုတ္ပယ္ခံလုိက္ရပါတယ္။

Photo Credit: DailyMail

ဘာစီလုိနာအသင္းဟာ နည္းျပ ဗယ္ဗာဒီရဲ႕ ေနရာမွာ အစားထုိးဖုိ႔ အသင္းေခါင္းေဆာင္ေဟာင္း လက္ရွိ ကြာတာ ကလပ္ အယ္လ္ဆတ္ နည္းျပ ဇာဗီကုိ သြားေရာက္ ေတြ႔ဆုံခဲ့ၾကေပမဲ့ ဇာဗီက ျငင္းပယ္ခဲ့တာေၾကာင့္ ရီးရဲလ္ ဘက္တစ္ နည္းျပေဟာင္း ဆတ္တီယန္ကုိ နည္းျပသစ္ အေနနဲ႔ ခန္႔အပ္သြားခဲ့ၿပီး လက္က်န္ရာသီကုိ ဘယ္လုိ ေရွ႕ဆက္သြားမလဲ ဆုိတာ ေစာင့္ၾကည့္ရမွာပါ။

{Unicode}

ဘာစီလိုနာအသင်းဟာ လက်ရှိ လာလီဂါ အမှတ်ပေးဇယားမှာ အဆင့် (၂) နေရာက ရီးရဲလ်အသင်းနဲ့ ရမှတ် (၄၀) မှတ်တူ၊ ဂိုးကွာခြားချက်နဲ့ အဆင့် (၁) နေရာကို ထိန်းထားနိုင်ပေမဲ့လည်း စူပါကိုပါ ဖလား ဆီးမီး ဖိုင်နယ် ပွဲစဉ်မှာ အက်သလက်တီကိုအသင်းကို (၂-၃) နဲ့ အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်သွားပြီးတဲ့နောက် နည်းပြ ဗယ်ဗာဒီကို တရားဝင် ထုတ်ပယ်သွားခဲ့ပါတယ်။

Photo Credit: DailyMail

ဘာစီလိုနာအသင်းဟာ နည်းပြ ဗယ်ဗာဒီကို ထုတ်ပယ်ပြီးတဲ့ အချိန်မှာတော့ ရီးရဲလ် ဘက်တစ်နည်းပြဟောင်း ကီကေး ဆက်တီယန်ကို နည်းပြသစ် အဖြစ် ရာသီကုန်အထိ ခန့်အပ်သွားခဲ့ပြီး နည်းပြ ကီကေး ဆက်တီယန်ဟာ ရီးရဲလ် ဘက်တစ်အသင်းကို နည်းပြခဲ့စဉ်က ဆုဖလား (၁) ခုမှ မရနိုင်ခဲ့တာကြောင့် (၂၀၁၈) ခုနှစ် ရာသီမှာ နည်းပြအဖြစ်က ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: DailyMail

နည်းပြ ဗယ်ဗာဒီဟာ (၂၀၁၇) ခုနှစ် မေလက ဘာစီလိုနာအသင်းကို ရောက်လာခဲ့စဉ်ကတည်းက ပွဲစဉ် (၁၄၅) ပွဲ နည်းပြခဲ့ရာမှာ (၁၆) ပဲွဲရှုံး၊ (၃၂) ပွဲသရေ နဲ့ (၉၇) ပွဲနိုင်၊ စတဲ့ ရလဒ်ကို ရရှိခဲ့ပြီး ဘာစီလိုနာအသင်းအတွက် လာလီဂါ ဆုဖလား (၂) ကြိမ်၊ ကိုပါဒယ်လ်ရေး ဆုဖလား (၁) ကြိမ် နဲ့ စပိန်စူပါဖလား (၁) ကြိမ် ရယူပေးခဲ့ပေမဲ့လည်း နောက်ဆုံးမှာတော့ ထုတ်ပယ်ခံလိုက်ရပါတယ်။

Photo Credit: DailyMail

ဘာစီလိုနာအသင်းဟာ နည်းပြ ဗယ်ဗာဒီရဲ့ နေရာမှာ အစားထိုးဖို့ အသင်းခေါင်းဆောင်ဟောင်း လက်ရှိ ကွာတာ ကလပ် အယ်လ်ဆတ် နည်းပြ ဇာဗီကို သွားရောက် တွေ့ဆုံခဲ့ကြပေမဲ့ ဇာဗီက ငြင်းပယ်ခဲ့တာကြောင့် ရီးရဲလ် ဘက်တစ် နည်းပြဟောင်း ဆတ်တီယန်ကို နည်းပြသစ် အနေနဲ့ ခန့်အပ်သွားခဲ့ပြီး လက်ကျန်ရာသီကို ဘယ်လို ရှေ့ဆက်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။