စပိန်အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်ခုဖြစ်တဲ့ ဘရိုက်တန် အသင်းရဲ့ အသက်၁၈နှစ်အရွယ် လူငယ် ဂိုးသမားလေး ရက်ရှ်ဝေါ့ကို ပေါင် ၄သန်းနဲ့ ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Photo Credit: SportBible.com

၁၈နှစ်အရွယ် ရက်ရှ်ဝေါ့ဟာ လက်ရှိ ဘောလုံးရာသီမှာ ဘရိုက်တန်အသင်းကနေ အင်္ဂလန် ရဲ့ လိဂ်၇ အသင်းတစ်သင်းဖြစ်တဲ့ ဝေါ့သင်း အသင်းမှာ ကစားနေတာဖြစ်ပြီး ဘာစီလိုနာ အသင်းရဲ့ ကင်းထောက်တွေဟာ ရက်ရှ်ဝေါ့ရဲ့ ခြေစွမ်းကို စောင့်ကြည့်ခဲ့ကြတယ်လို့ အင်္ဂလန် သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: SportBible.com

ရက်ရှ်ဝေါ့ဟာ လက်ရှိမှာ အင်္ဂလန် ယူ၁၉ အသင်းရဲ့ လူစာရင်းထဲမှာ ရွေးချယ်ခြင်းခံထားရသူဖြစ်ပြီး အင်္ဂလန်ရဲ့ တက်သစ်စလူငယ် ကြယ်ပွင့်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဘရိုက်တန်အသင်းထံကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကာလမှာ အပျော်တမ်းလိဂ် အသင်းတစ်သင်းဖြစ်တဲ့ ဟာလီဖစ်အသင်းထံမှ ပြောင်းရွှေ့ခဲ့သူတစ်ဦးပါ။

Photo Credit: SportBible.com

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ ဘာစီလိုနာအသင်းဟာ ရက်ရှ်ဝေါ့ရဲ့ လက်စွမ်းတွေကို သဘောကျလျက်ရှိပြီး ပြောင်းရွှေ့ကြေး ပေါင်၄သန်းဆိုတာဟာ ရက်ရှ်ဝေါ့ အတွက် လုံလောက်တဲ့ ပြောင်းရွှေ့ကြေး တစ်ခုဖြစ်ကြောင်း ယုံကြည်နေတယ်လို့ သိထားရပါတယ်။