ဘာစီလိုနာ အသင်းရဲ့ အကြံပေးဟောင်းတစ်ဦးဖြစ်တဲ့ အရီရာဒို ဘရီဒါ ကတော့ လာလီဂါ ဘီလူကြီး တစ်ကောင်ဖြစ်တဲ့ ဘာစီဟာ ဟာလန်း ကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့ဖူးတယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။ ထိုအချိန်က ဟာလန်း နာမည် မကြီးခင်အချိန် ဖြစ်ပြီး မခေါ်ယူခဲ့ရတဲ့ အကြောင်းအရင်းကတော့ ဟာလန်း အနေနဲ့ ဘာစီလိုနာမှာ အံ့ဝင်အောင် ကစားဖို့ ခြေစွမ်း မရှိခဲ့ဘူးလို့ ခံစားမိတာ ကြောင့်လို့ ဆိုပါတယ်။

Photo Credit: Daily Mail

ဟာလန်း ဟာ ဘောလုံးလောက မှာ လျှင်လျှင်မြန်မြန်ပဲ အကောင်း‌ဆုံး တိုက်စစ်မှူး ဖြစ်လာခဲ့ပြီးတော့ ဩစတြီးယား ချန်ပီယံအသင်းဖြစ်တဲ့ ဆော့ဇ်ဘတ် မှာ ခြေစွမ်းပြကစားခဲ့ပါတယ်။ ထိုကမှ တဆင့် ၂၀၂၀ ဇန်နဝါရီမှာ ဒေါ့မွန် ကို ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဟားလန်းဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ ပြိုင်ပွဲစုံ ဂိုးပေါင်း ၄၄ ဂိုးအထိ သွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်ပါတယ်။ ထိုထဲက ၁၆ ဂိုးကိုတော့ ရာသီဝက်လောက်မှာ ဆော့ဇ်ဘတ် ကနေ ဒေါ့မွန်ကို ပြောင်းလာပြီးနောက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာကနေ ၂၀၁၉ ခုနှစ်မှာ အနားယူခဲ့တဲ့ ဘရီဒါ ကတော့ သူ့အနေနဲ့ အသင်းကို ဟာလန်းကို ခေါ်ယူဖို့ အကြံပေးခဲ့ပေမယ့် ကတ်တလန်တာ အသင်းကြီး အနေနဲ့ ပယ်ချ ခဲ့ကြောင်းကို အခုလို ထုတ်ဖော် ပြောဆိုသွားပါတယ်။

Photo Credit: Daily Mail

“ ကျွန်တော် ကစားသမားတွေကို လေ့လာနေခဲ့တယ်။ ကျွန်တော် စာအုပ်ထဲမှာ နာမည် အချို့ကို ချရေးခဲ့တယ်။ အဲ့ဒီထဲမှာ ဟာလန်း ပါဝင်တယ်။ သူက အဲ့အချိန်တုန်းက နော်ဝေ မှာ ကစားနေတုန်းပဲ ရှိသေးတယ်။ ကျွန်တော် ကလပ် ကို အကြံပေးခဲ့ပေမယ့် ကလပ်က သူ့မှာ ဘာစီလိုနာမှာ ကစားနိုင်လောက်တဲ့ အရည်အချင်းမရှိဘူးဆိုပြီး လက်မခံခဲ့ဘူး။ ကျွန်တော် အီတလီက ကစားသမားအချို့ ကိုလည်း အသင်းအတွက် အကြံပေးခဲ့သေးတယ်။ အခု အင်တာ မှာ ကစားနေတဲ့ ဘာရယ်လာ နဲ့ ရိုးမား မှာ ကစားနေတဲ့ ဇန်နီရိုလို တို့ ပါတယ်။ ဒါပေမယ့် မင်းမှာ အဲ့လို လုပ်ဖို့ တာဝန် မရှိဘူးဆိုရင် အဲ့ဒါက တစ်ခြား တစ်ယောက်ကို အခွင့်အရေးပေးလိုက်ရလို့ပဲ။ မင်း အနေနဲ့ ဘာမှ လုပ်လို့ မရဘူး။ ကျွန်တော် တော်တော်လေး ဝမ်းနည်းခဲ့ရတယ် ”

Photo Credit: Daily Mail

ဆက်လက်ပြီး ဘရီဒါ ဟာ ဘာကာ က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ပေါလ်ပေါ့ဘာ အကြောင်းကိုလည်း ဆွေးနွေးသွားခဲ့ပါတယ်။ ပေါ့ဘာ ဟာ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ် ကနေ ထွက်ခဲ့ပြီးတော့ ၂၀၁၆ ခုနှစ်မှာ မန်ယူ ကို ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။ “ အဲ့ဒါ လိမ်တာ မဟုတ်ဘူး။ ကျွန်တော်နဲ့ အဲလ်ဘတ်ဆိုလာ မီလန် ကို သွားပြီးတော့ ဂျူဗင်တပ် ဘုတ်အဖွဲ့ နဲ့ သွား‌တွေ့ခဲ့တယ်။ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပေမယ့် သူ့ကို တကယ်ခေါ်ဖို့ ရည်ရွယ်ချက်တော့ မရှိခဲ့ဘူး။ တကယ်တော့ ပေါ့ဘာက နွေရာသီကို တူရင်မှာပဲ နေပြီး ကုန်ဆုံးခဲ့တာ။ သူ ဘယ်အသင်းကိုမှ မသွားခဲ့ဘူး။ ကျွန်တော်က အဲလ်ဘတ် ‌ဆိုလာကို သူက တော်တဲ့ ကစားသမားတစ်ယောက်ပါဆိုပြီး ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ သူနဲ့ အလုပ်တွဲ မလုပ်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုရင် ကျွန်တော့်ကို ခွင့်မပြုပေးခဲ့လို့ပါ ” လို့ ပြောဆိုခဲ့ပါတယ်။