ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာဖို႔အတြက္ လုပ္ေဆာင္ေနတဲ့ ေနမာရဲ႕အေျပာင္းအေရႊ႕ေရခ်ိန္ကေတာ့ ပိုမိုစိတ္ဝင္စားစရာေကာင္းလာခဲ့ပါၿပီ။ လက္႐ွိအခ်ိန္မွာ စပိန္ထိပ္သီးအသင္းႏွစ္သင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ဘာစီလိုနာအသင္းရဲ႕တာဝန္႐ွိသူေတြဟာ ပီအက္စ္ဂ်ီအသင္းအေျခစုိက္ရာ ပဲရစ္ၿမိဳ႕ကို ေရာက္႐ွိေနၾကၿပီး ေနမာရဲ႕အေျပာင္းအေရႊ႕အတြက္ အႀကိတ္အနယ္ေဆြးေႏြးေနတယ္လို႔ ပဲရစ္ၿမိဳ႕အေျခစိုက္သတင္းေတြက ေဖာ္ျပလိုက္ၾကပါတယ္။

Photo Credit: Fox Sports.com

အသင္းကေန ထြက္ခြာသြားဖို႔အတြက္ အသင္းပရိသတ္ေတြကုိယ္တိုင္က ဆႏၵျပေတာင္းဆုိျခင္းကို ခံခဲ့ရတဲ့ေနမာဟာ လက္႐ွိအေျပာင္းအေရႊ႕ရာသီမွာပဲ ပီအက္စ္ဂ်ီအသင္းကေန ေျပာင္းေရႊ႕ဖို႔အတြက္ ဆႏၵ႐ွိေနသူျဖစ္ၿပီး အသင္းေဟာင္းဘာစီလိုနာအသင္းကို ျပန္လည္ေျပာင္းေရႊ႕ဖို႔အတြက္ စိတ္အားထက္သန္ေနသူတစ္ဦးလည္း ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဘက္ကလည္း ေနမာကိုအသင္းထံ ျပန္လည္ေခၚယူႏိုင္ဖို႔ အသင္းရဲ႕အားကစားဒါ႐ိုက္တာ အဘီဒယ္နဲ႔ တာဝန္႐ွိသူတခ်ိဳ႕ကို ေစလႊတ္ခဲ့ေၾကာင္းနဲ႔ ၿပီးခဲ့တဲ့အဂၤါေန႔မွာ တံခါးပိတ္ေဆြးေႏြးပြဲတစ္ခုကို ျပဳလုပ္ခဲ့ေၾကာင္း ထြက္ေပၚလာတဲ့သတင္းေတြအရ သိရပါတယ္။

Photo Credit: Fox Sports.com

ဘာစီလိုနာအသင္းဟာ ကနဦးမွာ အသင္းမွာေနရာရဖို႔အတြက္ ႐ုန္းကန္ေနရတဲ့ ကြင္းလယ္လူေကာ္တင္ဟိုနဲ႔အတူ ေျပာင္းေရႊ႕ေၾကး ေပါင္၆၀သန္းေပးေခ်မယ္လို႔ ပီအက္စ္ဂ်ီအသင္းထံကုိ ကမ္းလွမ္းခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းဟာ ခ်က္ခ်င္းပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ေနမာကိုဝယ္ယူစဥ္က သူတို႔ေပးေခ်ခဲ့ရတဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္၁၉၈သန္းနဲ႔ ထပ္တူညီတဲ့ပမာဏတစ္ခုကို အလို႐ွိေနတာျဖစ္ၿပီး ေကာ္တင္ဟုိကိုေခၚယူလိုေနေပမယ့္ ဘာစီလိုနာအသင္းရဲ႕ ကမ္းလွမ္းမႈဟာ မလံုေလာက္ေသးဘူးလို႔ ဆံုးျဖတ္ခဲ့ၾကတာပါ။

Photo Credit: Fox Sports.com

ကနဦးမွာ ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ရာကီတစ္ကိုပါ ထည့္သြင္းကမ္းလွမ္းခဲ့တယ္လို႔ သတင္းထြက္ေပၚခဲ့ေပမယ့္ ေနာက္ဆံုးရ႐ွိတဲ့သတင္းေတြအရေတာ့ ရာကီတစ္ဟာ ဘာစီလိုနာအသင္းမွာပဲ ဆက္လက္႐ွိေနလိုတာေၾကာင့္ ညာေနာက္ခံလူ ဆီမီဒိုကိုအစားထိုးကာ ျပန္ေျပာင္းကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။ ဘာစီလိုနာအသင္းရဲ႕ေနာက္ဆံုးကမ္းလွမ္းမႈဟာ ေကာ္တိုဟုိ ၊ ဆီမီဒုိတို႔နဲ႔အတူ ေျပာင္းေရႊ႕ေၾကး ေပါင္၆၀သန္းျဖစ္တယ္လို႔ သိရၿပီး ပီအက္စ္ဂ်ီအသင္းဟာ အဆိုပါကမ္းလွမ္းမႈကို လက္ခံမယ္ ၊ လက္မခံဘူးဆိုတာကို ၂၄နာရီနဲ႔ ၄၈နာရီအတြင္း ျပန္လည္အေၾကာင္းၾကားမယ္လို႔ ၾကားသိရပါတယ္။

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့အတွက် လုပ်ဆောင်နေတဲ့ နေမာရဲ့အပြောင်းအရွှေ့ရေချိန်ကတော့ ပိုမိုစိတ်ဝင်စားစရာကောင်းလာခဲ့ပါပြီ။ လက်ရှိအချိန်မှာ စပိန်ထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းရဲ့တာဝန်ရှိသူတွေဟာ ပီအက်စ်ဂျီအသင်းအခြေစိုက်ရာ ပဲရစ်မြို့ကို ရောက်ရှိနေကြပြီး နေမာရဲ့အပြောင်းအရွှေ့အတွက် အကြိတ်အနယ်ဆွေးနွေးနေတယ်လို့ ပဲရစ်မြို့အခြေစိုက်သတင်းတွေက ဖော်ပြလိုက်ကြပါတယ်။

Photo Credit: Fox Sports.com

အသင်းကနေ ထွက်ခွာသွားဖို့အတွက် အသင်းပရိသတ်တွေကိုယ်တိုင်က ဆန္ဒပြတောင်းဆိုခြင်းကို ခံခဲ့ရတဲ့နေမာဟာ လက်ရှိအပြောင်းအရွှေ့ရာသီမှာပဲ ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့ဖို့အတွက် ဆန္ဒရှိနေသူဖြစ်ပြီး အသင်းဟောင်းဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် စိတ်အားထက်သန်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဘက်ကလည်း နေမာကိုအသင်းထံ ပြန်လည်ခေါ်ယူနိုင်ဖို့ အသင်းရဲ့အားကစားဒါရိုက်တာ အဘီဒယ်နဲ့ တာဝန်ရှိသူတချို့ကို စေလွှတ်ခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ တံခါးပိတ်ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။

Photo Credit: Fox Sports.com

ဘာစီလိုနာအသင်းဟာ ကနဦးမှာ အသင်းမှာနေရာရဖို့အတွက် ရုန်းကန်နေရတဲ့ ကွင်းလယ်လူကော်တင်ဟိုနဲ့အတူ ပြောင်းရွှေ့ကြေး ပေါင်၆၀သန်းပေးချေမယ်လို့ ပီအက်စ်ဂျီအသင်းထံကို ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဟာ ချက်ချင်းပယ်ချခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နေမာကိုဝယ်ယူစဉ်က သူတို့ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင်၁၉၈သန်းနဲ့ ထပ်တူညီတဲ့ပမာဏတစ်ခုကို အလိုရှိနေတာဖြစ်ပြီး ကော်တင်ဟိုကိုခေါ်ယူလိုနေပေမယ့် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုဟာ မလုံလောက်သေးဘူးလို့ ဆုံးဖြတ်ခဲ့ကြတာပါ။

Photo Credit: Fox Sports.com

ကနဦးမှာ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ရာကီတစ်ကိုပါ ထည့်သွင်းကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးရရှိတဲ့သတင်းတွေအရတော့ ရာကီတစ်ဟာ ဘာစီလိုနာအသင်းမှာပဲ ဆက်လက်ရှိနေလိုတာကြောင့် ညာနောက်ခံလူ ဆီမီဒိုကိုအစားထိုးကာ ပြန်ပြောင်းကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့နောက်ဆုံးကမ်းလှမ်းမှုဟာ ကော်တိုဟို ၊ ဆီမီဒိုတို့နဲ့အတူ ပြောင်းရွှေ့ကြေး ပေါင်၆၀သန်းဖြစ်တယ်လို့ သိရပြီး ပီအက်စ်ဂျီအသင်းဟာ အဆိုပါကမ်းလှမ်းမှုကို လက်ခံမယ် ၊ လက်မခံဘူးဆိုတာကို ၂၄နာရီနဲ့ ၄၈နာရီအတွင်း ပြန်လည်အကြောင်းကြားမယ်လို့ ကြားသိရပါတယ်။