လာလီဂါ ပြိုင်ပွဲက နည်းပြ ဆက်တီယန်ရဲ့ ဘာစီလိုနာအသင်းဟာ အင်တာမီလန် တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူဖို့ ခက်ခဲလာတာကြောင့် အာဆင်နယ် တိုက်စစ်မှူး အူဘားမိယန်းကို ခေါ်ယူဖို့ ဦးလည့်လာပြီ ဖြစ်တယ်လို့ စပိန်အခြေစိုက် Football-Espana သတင်းက ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အင်တာမီလန် တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူဖို့ ကြိုးစားတဲ့ အခါမှာ ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးလာတာကြောင့် လက်လျှော့သွားဖွယ် ရှိနေပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲက အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အူဘားမိယန်းကို ပြန်ပြီး စိတ်ဝင်စားလာပါတယ်။

 

Photo Credit: footballespana

ဘာစီလိုနာအသင်းအနေနဲ့ အာဂျင်တီးနား တိုက်စစ်မှူး မာတီနက်စ်ရဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို (၁၁၁) သန်းကို ပေးချေဖို့ မလိုလားလျက် ရှိပြီး အင်တာမီလန်အသင်းကလည်း ဒီထက် ပို ဈေးလျှော့ပြီး ညှိနှိုင်းဖို့ ဆန္ဒမရှိဘူးလို့ စပိန် အခြေစိုက် သတင်းတွေက ဖော်ပြထားပါတယ်။ ဘာစီလိုနာအသင်းဟာ အင်တာမီလန် တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူလို့ မရဘူး ဆိုရင် အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အူဘားမိယန်းကို ခေါ်ယူဖို့ ဦးစားပေးသွားတော့မှာ ဖြစ်ပြီး ရီးရဲလ်အသင်းကလည်း အူဘားမိယန်းကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

Photo Credit: footballespana

တိုက်စစ်မှူး အူဘားမိယန်းဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ် ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွေ့လာခဲ့ပြီး အာဆင်နယ်အသင်းအတွက် ပွဲစဉ် (၉၈) ပွဲ ကစားပြီးရာမှာ (၆၁) ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး အူဘားမိယန်းဟာ လာမယ့် (၂၀၂၁) ခုနှစ်မှာ အာဆင်နယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် ကုန်ဆုံးသွားမှာ ဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်း ပြည့်သွားပြီ ဆိုရင် အာဆင်နယ်အသင်းကနေ ထွက်သွားနိုင်ဖွယ် ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အူဘားမိယန်းကို အလွတ် ပြောင်းရွေ့ကြေးနဲ့ အဆုံးရှုံးခံမှာ မဟုတ်တာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွေ့မှာ မှန်ကန်တဲ့ ဈေးနှုန်းနဲ့ ကမ်းလှမ်းခံရမယ် ဆိုရင် အူဘားမိယန်းကို ရောင်းချသွားဖွယ် ရှိပါတယ်။