စပိန် အခြေစိုက် သတင်းတွေ နဲ့ အင်္ဂလန် အခြေစိုက် Dailymail သတင်းက ဖော်ပြခဲ့တာကတော့ တိုက်စစ်မှူး မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာ ဆက်နေမယ် ဆိုရင် ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဘာတိုမြူက ဥက္ကဌ ရာထူးက နှုတ်ထွက်မယ်လို့ ရေးသားဖော်ပြထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခြားအသင်းတွေကတော့ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဘာတိုမြူဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ဖုန်းခေါ်ပြီး ဆက်သွယ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမယ့်လည်း တိုက်စစ်မှူး မက်ဆီက လျစ်လျူရူခဲ့တယ်လို့လည်း အခိုင်အမာ ဖော်ပြသွားခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီဟာ ယခုအပတ် အင်္ဂါနေ့မှာ ဘာစီလိုနာအသင်းကို FAX နဲ့ စာပို့ပြီး အသင်းက ထွက်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး နောက်ဆက်တွဲ သတင်းတွေက မန်စီးတီးအသင်းကို ပြောင်းနိုင်တယ်လို့ ဖော်ပြထားကြပါတယ်။ ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေဟာ အသင်းရဲ့ အိမ်ကွင်းကို လာရောက်ကြပြီး အသင်းရဲ့ ဥက္ကဌ ဘာတိုမြူကို ဥက္ကဌရာထူးက နှုတ်ထွက်ဖို့ ဆန္ဒပြု တောင်းဆိုကြပြီး ဥက္ကဌ ဘာတိုမြူကလည်း မက်ဆီ ဆက်နေရင် ဥက္ကဌ ရာထူးက နှုတ်ထွက်မယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

Photo Credit: Dailymail

စပိန် အခြေစိုက် Catalan Television Channel TV3 က ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူဟာ အသင်းရဲ့ အဓိက ကစားသမား မက်ဆီအနေနဲ့ အသင်းမှာ ဆက်နေမယ် ဆိုရင် ဥက္ကဌ ရာထူးက နှုတ်ထွက်နိုင်ဖွယ် ရှိတာကြောင့် ဆန္ဒပြုသူတွေရဲ့ ဆန္ဒပြည့်ဝနိုင်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ အသင်းရဲ့ ဥက္ကဌ ဘာတိုမြူရဲ့ ဖုန်းခေါ်မှုကို မကိုင်ခဲ့ဘူးလို့လည်း သတင်းတွေ ထွက်နေတာကြောင့် တိုက်စစ်မှူး မက်ဆီအနေနဲ့ အသင်းမှာ ဆက်နေဖို့ လုံးဝ ဆန္ဒမရှိတော့ဘဲ အသင်းက ထွက်သွားချင်စိတ်ပဲ ရှိတယ်လို့ ဖော်ပြနေကြပါတယ်။ လက်ရှိမှာတော့ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူနိုင်ဖို့ အလားအလာအရှိဆုံးအသင်းက မန်စီးတီးအသင်း ဖြစ်ပြီး တိုက်စ်မှူး မက်ဆီအနေနဲ့ အသင်းမှာ ဆက်နေပြီး အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဘာတိုမြူအနေနဲ့ အသင်းရဲ့ ဥက္ကဌ ရာထူးကနေ နှုတ်ထွက်သွားမလား ဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။