ဘာစီလိုနာ ကစားသမားတွေဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကို ပြန်ခေါ်ယူဖို့အတွက် အသင်း ဥက္ကဌ ဘာတိုဗျူးကို ဖိအားပေး တောင်းဆိုနေကြတယ်လို့ စပိန်သတင်းတွေက ဖော်ပြပါတယ်။ စပိန်အခြေစိုက် Diaro Sports သတင်း၊ El Mundo Deportivo သတင်း နဲ့ Football Espana သတင်းတွေက ဘာစီလိုနာအသင်းရဲ့ အဓိက ပစ်မှတ်မှာ နေမာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက် မတိုင်ခင် တိုက်စစ်မှူး နေမာကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းနဲ့ ပြန်လည် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

Photo Credit: Football-Espana

ဘာစီလိုနာ ကစားသမားတွေထဲက မက်ဆီ၊ ဆွာရက်စ် နဲ့ ပီကေးတို့ဟာ ဘရာဇီး တိုက်စစ်မှူး နေမာကို ပီအက်စ်ဂျီအသင်းကနေ ပြန်ခေါ်ဖို့အတွက် အလိုလားဆုံး သူတွေပဲ ဖြစ်ကြပါတယ်။ ဘာစီလိုနာ ကစားသမားတွေအနေနဲ့ နေမာကို ပြန်ခေါ်နိုင်ရင် အသင်းရဲ့ စွမ်းဆောင်ရည် ပိုပြီး တိုးတတ်လာမှာ ဖြစ်ပြီး အသင်းက ပို ပျော်ဖို့ ကောင်းလာမယ်လို့ ယုံကြည်လျက် ဖြစ်ပါတယ်။ နေမာဟာ တစ်ချိန်က ဘာစီလိုနာအသင်းမှာ မက်ဆီ၊ ဆွာရက်စ်တို့နဲ့ (၃) ဦးတွဲ တိုက်စစ်ကို ပုံဖော်ခဲ့ကြပြီး ပြိုင်ဘက်အသင်းတွေအတွက် ကြောက်စရာ တိုက်စစ် (၃) ဦး ဖြစ်ခဲ့ကြပါတယ်။

Photo Credit: Football-Espana

ဒါပေမဲ့ ဘရာဇီး တိုက်စစ်မှူး နေမာဟာ (၂၀၁၇) ခုနှစ် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ဘာစီလိုနာအသင်းကနေ ယူရို (၂၂၂) သန်းနဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။ တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းအတွက် ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ အက်စ်ဂျီအသင်းမှာ ကစားရတဲ့ ပွဲစဉ်ထက် ဒဏ်ရာကြောင့် နားရတဲ့ ပွဲစဉ်က ပိုများနေပါတယ်။ နေမာဟာ ဘာစီလိုနာအသင်းက ထွက်သွားပြီးနောက် စပိန်နိုင်ငံကို ပြန်လာဖို့ ချိတ်ဆက်ခဲ့ပြီး ဘာစီလိုနာအသင်းသာမက ရီးရဲလ်မက်ဒရစ်အသင်းကလည်း နေမာကို စိတ်ဝင်စားနေပါတယ်။ နေမာအနေနဲ့ ဘာစီလိုနာအသင်းကို ပြန်လာမယ် ဆိုတဲ့ သတင်းဟာ အမြဲလိုလို ထွက်ခဲ့ပေမဲ့ တကယ်တမ်း အပြောင်းအရွေ့ မဖြစ်လာခဲ့ဘဲ ဒီနှစ်မှာ တကယ် ဖြစ်မလား စောင့်ကြည့်ရမှာပါ။