ဘာစီလိုနာစတား မက္ဆီရဲ႕ မေန႔ညက (၆)ႀကိမ္ေျမာက္ ဆြတ္ခူးရရွိခဲ့တဲ့ ေ႐ႊေဘာလုံးဆုေၾကာင့္ ဘာစီလိုနာအသင္းဟာ ေ႐ႊေဘာလုံးဆု အမ်ားဆုံးရတဲ့ အသင္းအျဖစ္ သမိုင္းတြင္သြားၿပီျဖစ္ပါတယ္။လက္ရွိမွာ ဘာစီလိုနာအသင္းအေနနဲ႔ ေ႐ႊေဘာလုံးဆု (၁၂)ဆု ပိုင္ဆိုင္ထားကာ အဆိုပါဆုေတြထဲက တစ္ဝက္ကို မက္ဆီတစ္ဦးတည္းက ဆြတ္ခူးေပးခဲ့ပါတယ္။

                                                                      Photo Credit: Daily Mail

မက္ဆီ ပိုင္ဆိုင္ထားတဲ့ အံ့အားသင့္ဖြယ္ ေ႐ႊေဘာလုံးဆုစံခ်ိန္ေၾကာင့္ ဘာစီလိုနာအသင္းဟာ ကမာၻ႔အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းအျဖစ္ သတ္မွတ္ျခင္းခံရတာျဖစ္ပါတယ္။အဆိုပါစံခ်ိန္ေၾကာင့္ ဘာစီလိုနာအသင္းအေနနဲ႔ ေ႐ႊေဘာလုံးဆု (၁၁)ဆု ပိုင္ဆိုင္ထားတဲ့ ခါးသီးၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္ကို ေက်ာ္ျဖတ္ၿပီး ေ႐ႊေဘာလုံးဆု (၁၂)ခု ရရွိတဲ့ ပထမဆုံးအသင္း ျဖစ္လာပါတယ္။

Photo Credit: Daily Mail

၁။ရီးရဲလ္မက္ဒရစ္အသင္းမွ ေ႐ႊေဘာလုံးဆုရွင္မ်ား

*ခရစ္တီယာႏို ေရာ္နယ္ဒို – ၄ ( ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇)
*အယ္လ္ဖကက္ဒို ဒီ စတီဖာႏို – ၂ ( ၁၉၅၇၊ ၁၉၅၉)
*လူကာမိုဒရစ္ – ၁ (၂၀၁၈)
*ဖာဘီအို ကန္နာဗာ႐ို – ၁ (၂၀၀၆)
*‌႐ိုနယ္ဒို နာဇာရီ႐ို – ၁ (၂၀၀၂)
*လူးဝစ္ ဖီဂို – ၁ (၂၀၀၀)
*ေရမြန္ ဂိုပါး – ၁ (၁၉၅၈)

၂။ဘာစီလိုနာအသင္းမွ ေ႐ႊေဘာလုံးဆုရွင္မ်ား

*လီယြန္နယ္မက္ဆီ – ၆ (၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၉)
*ဂ်ိဳဟန္က႐ုဖ္ – ၂ (၁၉၇၃၊ ၁၉၇၄)
*လူးဝစ္ဆြာရက္ဇ္ – ၁ (၁၉၆၀)
*ရီဗယ္လ္ဒို – ၁ (၁၉၉၉)
*ရစ္တိုစတို႔ခ္်ဂို႔ဗ္ – ၁ (၁၉၉၄)
*႐ိုနယ္လ္ဒင္ဟို – ၁ (၂၀၀၅)

(Unicode)

ဘာစီလိုနာစတား မက်ဆီရဲ့ မနေ့ညက (၆)ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့တဲ့ ရွှေဘောလုံးဆုကြောင့် ဘာစီလိုနာအသင်းဟာ ရွှေဘောလုံးဆု အများဆုံးရတဲ့ အသင်းအဖြစ် သမိုင်းတွင်သွားပြီဖြစ်ပါတယ်။လက်ရှိမှာ ဘာစီလိုနာအသင်းအနေနဲ့ ရွှေဘောလုံးဆု (၁၂)ဆု ပိုင်ဆိုင်ထားကာ အဆိုပါဆုတွေထဲက တစ်ဝက်ကို မက်ဆီတစ်ဦးတည်းက ဆွတ်ခူးပေးခဲ့ပါတယ်။

Photo Credit: Daily Mail

မက်ဆီ ပိုင်ဆိုင်ထားတဲ့ အံ့အားသင့်ဖွယ် ရွှေဘောလုံးဆုစံချိန်ကြောင့် ဘာစီလိုနာအသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်ခြင်းခံရတာဖြစ်ပါတယ်။အဆိုပါစံချိန်ကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ရွှေဘောလုံးဆု (၁၁)ဆု ပိုင်ဆိုင်ထားတဲ့ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ရွှေဘောလုံးဆု (၁၂)ခု ရရှိတဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။

Photo Credit: Daily Mail

၁။ရီးရဲလ်မက်ဒရစ်အသင်းမှ ရွှေဘောလုံးဆုရှင်များ

*ခရစ်တီယာနို ရော်နယ်ဒို – ၄ ( ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇)
*အယ်လ်ဖကက်ဒို ဒီ စတီဖာနို – ၂ ( ၁၉၅၇၊ ၁၉၅၉)
*လူကာမိုဒရစ် – ၁ (၂၀၁၈)
*ဖာဘီအို ကန်နာဗာရို – ၁ (၂၀၀၆)
*‌ရိုနယ်ဒို နာဇာရီရို – ၁ (၂၀၀၂)
*လူးဝစ် ဖီဂို – ၁ (၂၀၀၀)
*ရေမွန် ဂိုပါး – ၁ (၁၉၅၈)

၂။ဘာစီလိုနာအသင်းမှ ရွှေဘောလုံးဆုရှင်များ

*လီယွန်နယ်မက်ဆီ – ၆ (၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၉)
*ဂျိုဟန်ကရုဖ် – ၂ (၁၉၇၃၊ ၁၉၇၄)
*လူးဝစ်ဆွာရက်ဇ် – ၁ (၁၉၆၀)
*ရီဗယ်လ်ဒို – ၁ (၁၉၉၉)
*ရစ်တိုစတို့ခ်ျဂို့ဗ် – ၁ (၁၉၉၄)
*ရိုနယ်လ်ဒင်ဟို – ၁ (၂၀၀၅)