ပြီးခဲ့တဲ့ နွေရာသီစျေးကွက်အတွင်းမှာ လိုင်ယွန်အသင်းကနေ ခေါ်ယူခဲ့တဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီဟာ စပါးအသင်းမှာ အံ့ဝင်ခွင်ကျဖြစ်အောင် မကစားနိုင်ခဲ့သလို နည်းပြဟိုဆေးမော်ရင်ဟိုနဲ့လည်း ဆက်ဆံရေးပိုင်းမှာ မပြေမလည်ဖြစ်နေတာကြောင့် လာမယ့်ရာသီမှာ အသင်းကနေ ပြန်လည်ထွက်ခွာသွားနိုင်ဖွယ်ရှိနေပြီး လက်ရှိမှာလည်း အမ်ဒွန်ဘီလီကို ဘာစီလိုနာအသင်းကနေ ပစ်မှတ်ထားလို့နေပါတယ်။ ဘာစီလိုနာက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် အမ်ဒွန်ဘီလီကို အံ့အဝင်နိုင်ဆုံးလို့ သတ်မှတ်ထားတာကြောင့် ကမ်းလှမ်းချက်တွေ စတင်ပြုလုပ်ဖွယ်ရှိနေပါတယ်။

Photo Credit : Trendmap

စပါးအသင်းဟာ သူတို့ရဲ့ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီအတွက် ပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်းလောက်အထိ လိုအပ်နေတာဖြစ်ပေမယ့်လည်း လာမယ့်နွေမှာ ကစားသမားအင်အားများစွာ ဖြည့်တင်းရဖို့ရှိနေတဲ့ ဘာစီလိုနာက ပေါင်(၅၅)သန်းလုံးနဲ့ မကမ်းလှမ်းချင်ပဲ ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့အတူ နောက်ခံလူများဖြစ်တဲ့ ဆယ်မီဒို အမ်တီတီနဲ့ ကွင်းလယ်လူအာသာတို့ထဲက (၁)ယောက်ယောက်တို့ကို အလိုက်ပေးကမ်းလှမ်းချင်နေပါတယ်။ စပါးအသင်းကတော့ ဒီကမ်းလှမ်းမှုပေါ်မှာ စိတ်တိုင်းမကျဖြစ်နေပြီး ပြောင်းရွှေ့ကြေးအပြည့်အဝနဲ့သာ ကမ်းလှမ်းစေချင်နေပါတယ်။

Photo Credit : Football.London

ဘာစီလိုနာဘက်ကနေ ကမ်းလှမ်းလာခဲ့တဲ့ ကစားသမားတွေထဲကမှ ကွင်းလယ်လူအာသာကနေလွဲပြီး ကျန်တဲ့ခံစစ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဆယ်မီဒိုနဲ့ အမ်တီတီတို့ကိုတော့ စပါးအသင်းနည်းပြမော်ရင်ဟိုဘက်ကနေ စိတ်ဝင်စားနေတာဖြစ်တဲ့အပြင် စပါးအသင်းအနေနဲ့ကလည်း ခံစစ်ပိုင်းအားနည်းချက်တွေရှှိနေတာမို့ ကမ်းလှမ်းချက်ကို လုံးဝပျက်ပြယ်သွားဖွယ်တော့ မရှိသေးပါဘူး။ အသက်(၂၃)နှစ်သာရှိသေးတဲ့ ကွင်းလယ်လူအမ်ဒွန်ဘီလီဟာ လိုင်ယွန်ကနေ စပါးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၆၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ကာ အသင်းရဲ့သမိုင်းတလျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့ပေမယ့်လည်း အမ်ဒွန်ဘီလီကတော့ စပါးအသင်းမှာ လိုက်လျောညီထွေဖြစ်အောင် မကစားနိုင်ခဲ့ပဲ မော်ရင်ဟိုနဲ့လည်း ဆက်ဆံရေးပိုင်းမှာ အဆင်မပြေဖြစ်လို့နေပါတယ်။ တကယ်လို့ အမ်ဒွန်ဘီလီကို ရောင်းချဖြစ်မယ်ဆိုရင် စပါးအသင်းအနေနဲ့ လက်စတာရဲ့ကွင်းလယ်ကစားသမား အမ်ဒီဒီကို ကမ်းလှမ်းလာနိုင်ပြီး ဘာစီလိုနာရဲ့အလိုက်ပေးမှုကနေလည်း ပြင်သစ်နောက်ခံလူ အမ်တီတီကိုပဲ လက်ခံခေါ်ယူဖွယ် ရှိနေပါတယ်။