ဘာစီလိုနာ အသင်းရဲ့ ဂန္တဝင်တစ်ဦး ဖြစ်တဲ့ ရီဗယ်ဒို က ဘာစီလိုနာ အနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်ဖလား ကို အရယူချင်ရင် တိုက်စစ်ကစားသမားတွေ ထပ်ခေါ်ဖို့ လိုအပ်တယ်လို့ အကြံပြုလိုက်ပါတယ်။ ဘာစီလိုနာ ရဲ့ ခြေစွမ်းပြနေတဲ့ ကစားသမားတစ်ဦးဖြစ်နေတဲ့ အန်ဆု ဖာတီ ကလည်း မကြာသေးခင်က ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လေးလ ကြာ အနားယူသွားရဖွယ်ရှိနေတာကြောင့် တိုက်စစ်ကစားသမား အသစ်တွေကို ခေါ်ယူဖို့က အရေးကြီးတယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။ “ ဘာစီလိုနာ အနေနဲ့ အန်ဆု ဖာတီ ဒဏ်ရာမရခင် တစ်ယောက်ယောက်ကို ခေါ်ယူသင့်တယ်လို့ ကျွန်တော်တွေးခဲ့တယ်။ အခုတော့ အဲ့ဒါကို ပိုတွေးရပြီ။ အသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလား ကို လိုချင်ရင် တိုက်စစ်ကစားသမား တစ်ဦး နှစ်ဦးလောက်ကို ခေါ်ယူသင့်တယ် ”

Photo Credit: Talksport

အတွေ့အကြုံ ကစားသမားနည်းပါပြီး အရည်အချင်းရှိတဲ့ ကစားသမား များရှိသော်လည်း တကယ် လုပ်မပြနိုင်တဲ့ လူငယ် ကစားသမားတွေ အပါ် မှီခိုနေရတဲ့ နည်းပြ ရော်နယ်ကိုးမန် နဲ့ ပတ်သက်ပြီးလည်း  ရီဗယ်ဒိုက အခုလို ပြောဆိုခဲ့ပါတယ်။ “ ကိုးမန်း အနေနဲ့ ပွဲကြီးတွေမှာ ပိုပြီးကောင်းကောင်း ကစားနိုင်ပြီးတော့ ယှဉ်ပြိုင်ကစားနိုင်တဲ့ တိုက်စစ်ကစားသမားမျိူးကို ရွေးချယ်သင့်တယ်လို့ မြင်ပါတယ်။ အန်ဆုက ကောင်းကောင်း ကစားနေနိုင်ပြီးတော့ ယုံကြည်မှုတွေလည်း ရှိနေတာကြောင့် အသင်းအပေါ်လည်း လွှမ်းမိုးလာနိုင်တဲ့ ကစားသမား တစ်ဦးပါ။ သူမရှိတာက နည်းပြ အတွက် နောက်ထပ် ခေါင်းခဲစရာပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ” ဘာစီလိုနာ အနေနဲ့ အသင်းအတွင်း မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေပြီး အဓိက ကစားသမား မက်ဆီ ကလည်း အသင်းနဲ့ သဟဇာတ မဖြစ်တာကြောင့် ထွက်ခွာဖို့ စိတ်ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ အန်တိုနီယိုဂရစ်ဇ်မန်း ကလည်း သူ့ရဲ့ ဘာစီလိုနာ ကစားသမားဘဝ ကို စိတ်ပျက်နေသလို ဖီလစ်ပီ ကော်တင်ဟိုကလည်း ဘာစီမှာ ဆက်လက် ရှိနေဖို့ မသေချာပါဘူး။

Photo Credit: Talksport

ရော်နယ်ကိုးမန်း က မန်းဖစ်ဒီပေးကို လိုင်ယွန်ကနေ ဘာဆီ အသင်းထံ ခေါ်ယူဖို့ စီစဉ်နေပြီးတော့ ဒီပေး ကိုယ်တိုင်ကလည်း အပေးအယူအတွက် ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ဘာစီ အနေနဲ့ ဘဏ္ဍာရေး အခက်အခဲ ပြဿနာနဲ့ ရင်ဆိုင်နေရကာ ကစားသမားအချို့ကို ရောင်းချဖို့ လိုအပ်နေပြီး လစာ‌လည်း လျှော့ချဖို့ လိုနေတာ ဖြစ်ပါတယ်။ အသင်းအနေနဲ့ အသုံးစရိတ် ယူရို သန်း ၁၇၀ လောက်အထိ လျှော့ချရမှာ လည်း ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းဟာ ယခုလက်ရှိမှာ လာလီဂါ ဇယားရဲ့ အဆင့် ၈ နေရာမှာ ရောက်ရှိနေကာ ပြီးခဲ့တဲ့ ငါးပွဲမှာလည်း တစ်ပွဲသာ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ် မှာတော့ ၁၀၀% အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ ဘာစီလိုနာ အနေနဲ့ တိုက်စစ် ကစားသမား‌‌‌တွေကို ခေါ်ယူပြီး ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ကြိုးစားသွားမလား ဆိုတာတော့ စောင့်ကြည့်ချင်စရာ ဖြစ်ပါတယ်။