ဘာစီလိုနာအသင်းအနေနဲ့ အသင်းရဲ့ တိုက်စစ်မှူး ဆွာရက်စ်ကို ရောင်းချဖို့ ကစားသမားရဲ့ စာချုပ် ဖျက်သိမ်းမယ် ဆိုရင် လျော်ကြေး အနေနဲ့ ဆွာရက်စ်ကို ယူရို (၁၄) သန်း ပေးရမှာ ဖြစ်ပါတယ်လို့ အင်္ဂလန် အခြေစိုက် Goal သတင်းက ယနေ့၊ တနင်္ဂနွေနေ့မှာ အခိုင်အမာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ဘာစီလိုနာအသင်း ပြုတ်ခဲ့ပြီးတဲ့နောက် နည်းပြ ဆက်တီယန်ရဲ့ နေရာမှာ နည်းပြသစ် အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ နည်းပြ ကိုးမန်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဆွာရက်စ်ကို ဖုန်းနဲ့ ခေါ်ဆိုပြီး အသင်းရဲ့ရာသီသစ် အစီအစဉ်မှာ မပါတော့ဘူးလို့ အသိပေး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဆွာရက်စ်ဟာ နည်းပြ ကိုးမန်းရဲ့ သတိပေးခြင်းကို ခံခဲ့ရတာကြောင့် လက်ရှိရာသီမှာ ဘာစီလိုနာအသင်းကနေ ထွက်သွားနိုင်ချေ ရှိတယ်လို့ သတင်းတွေ များစွာ ထွက်ခဲ့တာ ဖြစ်ပေမယ့် သူ့ရဲ့ စာချုပ်က နောက်နှစ် နွေရာသီအထိ ဘာစီလိုနာအသင်းနဲ့ စာချုပ် ကျန်သေးတာ ဖြစ်ပါတယ်။ တကယ်လို့ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဆွာရက်စ်ကို စာချုပ်မကုန်ခင် ရောင်းချဖို့အတွက် စာချုပ် ဖျက်သိမ်းမယ် ဆိုရင် တိုက်စစ်မှူး ဆွာရက်စ်ကို လျော်ကြေး အဖြစ် ယူရို (၁၄) သန်းတောင် ပေးရမှာ ဖြစ်ပါတယ်လို့ အင်္ဂလန် အခြေစိုက် ဘောလုံး သတင်း Goal ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဆွာရက်စ်ဟာ ဘာစီလိုနာအသင်းကနေ ထွက်သွားမယ် ဆိုရင် သူ့ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြတဲ့ အသင်းတွေထဲမှာ အေဂျက်အသင်း၊ အမေရိကန် အခြေစိုက် မီယာမီအသင်း နဲ့ အီတလီနိုင်ငံက စီးရီးအေ အသင်းကြီး ဖြစ်တဲ့ ဂျုဗင်တပ်အသင်းတို့တွေက စိတ်ဝင်စားနေပါတယ်။ တိုက်စစ်မှူး ဆွာရက်စ်ဟာ လွန်ခဲ့တဲ့ (၂၀၁၄) ခုနှစ်မှာ လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာ ဘာစီလိုနာအသင်းက စာချုပ် ဖျက်သိမ်းပြီး ရောင်းချမယ့် ဆိုရင် ဆွာရက်စ်ကို လျော်ကြေး အဖြစ် စာချုပ် ဖျက်သိမ်းကြေး ယူရို (၁၄) သန်း ပေးရမှာ ဖြစ်ပါတယ်။