ဘာစီလိုနာအသင်းရဲ့ အားကစား ဒါရိုက်တာ အဲရစ် အဘီဒယ်လ်ကတော့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ နဲ့ အင်တာမီလန် တိုက်စစ်မှူး မာတီနက်စ်တို့ကို ခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ် သြဂုတ်လက နေမာကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၂၄၅) သန်းနဲ့ ပီအက်စ်ဂျီအသင်းကို ရောင်းချခဲ့ပြီး နေမာအနေနဲ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်လာနိုင်ချေ ရှိတယ်လို့ သတင်း ထွက်ခဲ့ပါတယ်။

Photo Credit: Goal

ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး နေမာဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှာ အစပိုင်းက ခြေစွမ်းတွေ ပြသခဲ့ပေမဲ့လည်း နောက်ပိုင်းမှာ ဒဏ်ရာပြဿနာနဲ့ လုံးပန်းလာခဲ့ရတာကြောင့် ပွဲထွက်ခွင့် နည်းပါးလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ နေမာ နဲ့ မာတီနက်စ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေလျက် ရှိပေမဲ့လည်း ဘာစီလိုနာအသင်းရဲ့ အားကစား ဒါရိုက်တာ အဘီဒယ်လ်က တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ နေမာ နဲ့ မာတီနက်စ်ကို ခေါ်နိုင်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

Mundo Deportivo မှာ အဘီဒယ်လ်က “ကစားသမား ခေါ်ယူမှုက အစီအစဉ်ချမှတ်မှု၊ နိုင်ငံကူးလက်မှတ် နဲ့ အကြောင်းအရား အများကြီးအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော့်အတွက် အရေးကြီးတဲ့ အရာက အားကစား ရှုထောင့် ဖြစ်ပြီး ပန်းတိုင်ကို ရောက်ဖို့ ပိုပြီး အားကောင်းတဲ့ အသင်း ဖြစ်ရပါမယ်။ မာတီနက်စ်၊ နေမာ ဒါမှမဟုတ် အခြား အရည်အချင်းရှိတဲ့ ကစားသမားတွေကို ပိုင်ဆိုင်တာက အသင်းအတွက် ကောင်းပါတယ်။ ဒါပေမဲ့ ဒါက မဖြစ်နိုင်ပါဘူး”လို့ ပြောသွားခဲ့ပါတယ်။