MySport Myanmar

လာမယ့်နွေမှာ free agents ဖြစ်တော့မယ့် EPL ကစားသမား (၄)ဦးကို ဘာကာ ပစ်မှတ်ထား

စပိန်လာလီဂါ ထိပ်သီးကလပ်အသင်းကြီးဖြစ်တဲ့ ဘာစီလိုနာဟာ လာမယ့်နှစ် နွေရာသီမှာ free agents ကစားသမားတွေ ဖြစ်လာမယ့် ပရီးမီးယားလိဂ် ကစားသမား အထူးသဖြင့် အသင်းလက်မဲ့ ဖြစ်တော့မယ့် ပရီးမီးယားလိဂ် ကွင်းလယ်ကစားသမား (၄)ဦးကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Espana

ဘာစီလိုနာအသင်းရဲ့ ဒါရိုက်တာဖြစ်သူ အယ်လီမန်နီက လာမယ့် နွေဈေးကွက်အတွင်း အသင်းအတွက် free transfer နဲ့ အပြောင်းအရွှေ့တွေ ဆက်လက် လုပ်ဆောင်သွားဦးမှာ ဖြစ်တယ်လို့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုထားခဲ့သလို Caught Offside သတင်းမီဒီယာမှာ နာမည်ကျော် ဘောလုံးအပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက် ဖာဘရီဇီယိုက ဘာစီလိုနာအနေနဲ့ လာမယ့်နွေအတွင်း သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ စာချုပ်ကုန်ဆုံးမယ့် ပရီးမီးယားလိဂ်ကြယ်ပွင့် ကွင်းလယ်ကစားသမား (၄)ဦးကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဖာဘရီဇီယိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဒီနှစ် နွေဈေးကွက်အတွင်းမှာပဲ ကတ်ဆေး ခရစ္စတန်ဆန် ဘယ်လာရင် မားကို့စ်အလွန်ဆိုတို့လို ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားနိုင်ခဲ့သလို ပြီးခဲ့တဲ့နှစ် နွေဈေးကွက်မှာလည်း ဒီပိုင်း အူဘာမီယန်း အဂွဲရိုး အဲရစ်ဂါဆီယာနဲ့ ဒန်နီအဲလ်ဗက်စ်တို့ကို free transfer နဲ့ ခေါ်ယူနိုင်ခဲ့တာကြောင့် လာမယ့်နွေမှာလည်း နောက်ထပ် free agent players တွေကို ထပ်မံ ခေါ်ယူချင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ဘာစီလိုနာအသင်း ခေါ်ယူချင်နေတဲ့ ကစားသမားတွေထဲမှာ မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန် လက်စတာ ကွင်းလယ်လူ တီလေမန်းစ် ချယ်လ်ဆီး ကွင်းလယ်လူတွေဖြစ်တဲ့ ကန်တေ ဂျော်ဂျင်ဟိုတို့ကို ပစ်မှတ်ထားနေတာဖြစ်ပြီး ဒီကစားသမားတွေအားလုံးက လာမယ့်နွေမှာ သူတို့ရဲ့ ကလပ်အသင်းတွေနဲ့ စာချုပ်ကုန်ဆုံးကြတော့မှာ ဖြစ်ပါတယ်။ ဒီကစားသမားတွေထဲမှာ အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုက ဘာစီလိုနာနဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်နေတာဖြစ်ပြီး ကစားသမား အများစုကလည်း ဘာစီလိုနာလို အသင်းကြီးမျိုးကို ပြောင်းရွှေ့ချင်မှာ သေချာပါတယ်။ ဘာစီလိုနာအသင်းဟာ နှစ်တိုင်နီးပါး ကစားသမားကောင်းတွေအတွက် ငွေကြေးများစွာ အသုံးပြုပြီး ခေါ်ယူခဲ့ပေမယ့် နောက်ဆုံး(၂)ရာသီအတွင်း free agents ကစားသမား (၉)ဦးအထိ ခေါ်ယူထားခဲ့ပါတယ်။

Exit mobile version