ဘာစီလိုနာအသင်းဟာ နည်းပြ ဆက်တီယန်ကို ထုတ်ပယ်ပြီး နည်းပြ ရော်နယ် ကိုးမန်းကို အသင်းနည်းပြသစ် အဖြစ် ခန့်အပ်ခဲ့စဉ်ကတည်းက ကစားသမား အချို့ကို ရောင်းချမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်လာခဲ့ပြီး တိုက်စစ်မှူး ဆွာရက်စ်က ရောင်းချမယ့် စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ နည်းပြ ရော်နယ် ကိုးမန်းဟာ တိုက်စစ်မှူး ဆွာရက်စ်ကို လာမယ့် ရာသီမှာ အသင်းရဲ့ ပွဲစဉ်တွေကို ကစားခွင့် ရမှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး ဆွာရက်စ်အနေနဲ့ ထွက်သွားရမယ့် ရွေးချယ်စရာက လွဲရင် အခြား ရွေးချယ်စရာ တစ်ခုမှမရှိတော့တဲ့ အနေအထားမှာ ရှိနေပြီပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဆွာရက်စ်ကို မရောင်းထုတ်ခင်မှာတင် သူ့ရဲ့ နေရာမှာ အစားထိုးမယ့် တိုက်စစ်မှူးကို ရှာတွေ့ထားပြီ ဖြစ်ပြီး အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေတယ်လို့ Marca သတင်းက ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်း နဲ့ အင်တာမီလန်အသင်းတို့ရဲ့ နောက်ဆုံး ဆွေးနွေးမှုအရ ဘာစီလိုနာအသင်းက မာတီနက်စ်ကို ယူရို သန်း (၇၀) နဲ့ အပြီးသတ် ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့် တစ်ဖက် အသင်းဖြစ်တဲ့ အင်တာမီလန်အသင်းက ယူရို (၈၅) သန်း တောင်းဆိုးခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ ရာသီကြို ပွဲစဉ်တွေကို လာမယ့် အပတ်က စတင်ကစားသွားတော့မှာ ဖြစ်ပြီး တိုက်စစ်မှူး မာတီနက်စ်အနေနဲ့ လာမယ့် အပတ်အတွင်းမှာ ဘာစီလိုနာအသင်းကို ပြောင်းလာဖွယ် မရှိပေမယ့်လည်း မကြာခင် အပြောင်းအရွှေ့ ဖြစ်မြောက်လိမ့်မယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်ဟာ ဘာစီလိုနာအသင်းမှာ ကစားတာ ကာလရှည် ရှိနေပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း အသင်းရဲ့ ဥက္ကဌ ဘာတိုမြူ ကိုယ်တိုင်က အသင်းက ထွက်သွားဖို့ ပြောရင် ကောင်းမယ်လို့ ပြောခဲ့တာ ဖြစ်ပြီး ယခုနှစ်မှာ အသင်းက ထွက်သွားနိုင်ချေ ရှိနေပါတယ်။