ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာ ရရှိခဲ့တဲ့ ခရိုအေးရှားအသင်းအတွက် အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသနိုင်ခဲ့သူ ညာနောက်ခံကစားသမား ယိုဆစ်ယူရန်နိုဗစ်ကို လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းက ခေါ်ယူသွားချင်နေတာကြောင့် ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo Credit : Croatia Week

အသက်(၂၇)နှစ်အရွယ် ညာခြမ်းခံစစ် ကစားသမား ယူရန်နိုဗစ်ဟာ သူရဲ့ကလပ် ဆဲလ်တစ်အသင်းမှာ သူရဲ့ form က အတတ်အကျ ဖြစ်နေပေမယ့် လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဆင်နွဲချိန်မှာတော့ ယူရန်နိုဗစ်က ခရိုအေးရှားအသင်းအတွက် ပွဲစဉ်တိုင်းမှာ ပွဲချိန်ပြည့် ပါဝင်ထားခဲ့ရပြီး ပွဲတိုင်းမှာလည်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ အဓိကတော့ ဘရာဇီးလ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘရာဇီးလ်ကြယ်ပွင့် ဗင်နီစီယပ်စ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သလို သူ့အသင်းကိုလည်း ဆီမီးဖိုင်နယ်ထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီလို စွမ်းဆောင်ရည်တွေကြောင့် ယူရန်နိုဗစ်ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ အပြိုင်အဆိုင် စိတ်ဝင်စားလာကြပြီး ဘာစီလိုနာအသင်းဟာလည်း သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ Sky Sports ရဲ့ သတင်းထောက်တစ်ဦးက ဖော်ပြလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီနွေမှာလည်း အသင်းရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမားဟောင်းဖြစ်တဲ့ ညာနောက်ခံလူ ဟက်တာဘယ်လာရင်ကို ခေါ်ယူထားပြီး ညာခြမ်းမှာလည်း ရောဘတ်တို ရှိနေပေမယ့် အေစီမီလန်အသင်းဆီ အငှားချထားတဲ့ အမေရိကန် right-back player ဆာဂျီနိုဒက်စ်ကို အသင်းဆီ ပြန်လည် ခေါ်ယူဖွယ် မရှိပဲ အပြီးသတ်သာ ရောင်းထုတ်ဖို့ အစီအစဉ် ရှိနေသလို ဘယ်လာရင် ရောဘတ်တိုထက် ပိုပြီး quality ပိုကောင်းတဲ့ RB ကစားသမားမျိုးကို အလိုရှိတာကြောင့် ယူရန်နိုဗစ်ကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူရန်နိုဗစ်ကို ဘာစီလိုနာအပြင် အသက်လက်တီကို ချယ်လ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားနေကြပြီး ဘယ်ခြမ်းခံစစ် အားဖြည့်ဖို့ လိုအပ်နေတဲ့ အသင်းတွေကလည်း ယူရန်နိုဗစ်ကို စောင့်ကြည့်နေကြပါတယ်။ ယူရန်နိုဗစ်ဟာ လက်ရှိမှာ ဆဲလ်တစ်အသင်းနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်ရှိနေသူ ဖြစ်သလို World Cup မှာလည်း ခြေစွမ်းပြထားသူဖြစ်လို့ တန်ကြေး မြင့်မားနိုင်ဖွယ် ရှိနေပါတယ်။