၂၀၁၈ခုနှစ် ရုရှုားကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့နောက်ပိုင်းကတည်းက စပိန်လက်ရွေးစင်အသင်းကနေ အနားယူလိုက်တဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဂျရတ်ပီကေးကတော့ အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ပါဝင်ဆင်နွဲခဲ့ခြင်း မရှိပေမယ့်လည်း လာမယ့် နိုဝင်ဘာလထဲ ကာတာနိုင်ငံအတွင်းမှာ ကျင်းပသွားမယ့် ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းအတွက် ပြန်လည်ပါဝင် ကစားပေးသွားချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Gerard Pique last played for Spain at the 2018 World Cup

Photo Credit : The Sun

အသက်(၃၅)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဝါရင့်နောက်ခံကစားသမားကြီး ပီကေးဟာ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ် အောက်တိုဘာလမှာကတည်းက ၂၀၁၈ခုနှစ် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့အတွက် လက်ရွေးစင်တာဝန်နဲ့ ပါဝင်ကစားသွားမယ့် နောက်ဆုံးသော ပြိုင်ပွဲကြီးဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး ဒီလို အနားယူဖို့ ဆုံးဖြတ်ရခြင်းဟာလည်း ပီကေးအပေါ် စပိန်သတင်းမီဒီယာတွေရဲ့ လေးစားမှု မရှိခြင်းတွေအတွက် နာကျင်ခံစားလာရတာကြောင့် ဖြစ်လိမ့်မယ်လို့ အများက ယုံကြည်နေကြပါတယ်။ လက်ရှိမှာတော့ ပီကေးရဲ့အသင်းဖော်ဟောင်းလည်းဖြစ် လက်ရှိဘာစီလိုနာ နည်းပြလည်းဖြစ်တဲ့ ဇာဗီလက်အောက်မှာ ပုံစံကောင်းတစ်ခုပါ ပြန်ရလာတာကြောင့် စပိန်အသင်းအတွက် ပြန်လည်ကစားပေးဖို့ ဆန္ဒရှိလာခဲ့ရတာ ဖြစ်ပါတယ်။

Barcelona lose Pique to calf injury ahead of key Champions League clash

Photo Credit : SportMax

လက်ရှိ စပိန်လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ လူးဝစ်အင်းနရစ်က ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ် နည်းပြဟောင်းလည်းဖြစ်သလို ဘာစီလိုနာအသင်းမှာပါ ပီကေးနဲ့ လက်တွဲခဲ့ဖူးတဲ့ ပီကေး ဆရာသမားဟောင်းလည်း ဖြစ်ပါတယ်။ ပီကေးက စပိန်လက်ရွေးစင်အသင်းအတွက် ပွဲစဉ်ပေါင်း (၁၀၃)ပွဲအထိ ပါဝင်ပေးထားခဲ့ဖူးတဲ့ အတွေ့အကြုံရင့် နောက်ခံလူတစ်ဦး ဆိုပေမယ့်လည်း သူ့ကို နည်းပြအင်းနရစ်က ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းအတွက် ပြန်လည်ရွေးချယ်ပါ့မလားဆိုတာက ယတိပြတ် ပြောရခက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်းနရစ်အနေနဲ့ ပီကေးကို ကြိုက်နှစ်သက်မှု ရှိနေတယ် ဆိုရင်တောင်မှ အသင်းရဲ့ခံစစ်မှာ လာပေါ့တ် အဲရစ်ဂါဆီယာ ပါအူတောရက်စ် ဂယ်လာမွန်တို့အပြင် တခြားသော ဗဟိုခံစစ်ကစားသမားတွေပါ ရှိနေသေးတာကြောင့် ပီကေးကို အသင်းမှာ ပြန်လည်ရွေးချယ်ဖို့်က ခက်ခဲရဖွယ် ရှိနေပါတယ်။