စပိန္အင္အားႀကီးအသင္းျဖစ္တဲ့ ဘာစီလိုနာအသင္းဟာ သူတို႔အသင္းရဲ့ အဓိကတိုက္စစ္မွူး ျဖစ္တဲ့ ဆြာရက္ဇ္ကို လက္က်န္ရာသီတစ္ခုလုံး ဆုံးရွုံးခဲ့ရအၿပီးမွာေတာ့ အစားထိုးတိုက္စစ္မွူး တစ္ဦးကို ေစ်းကြက္အတြင္းမွာ ရွာေဖြေနခဲ့ၿပီး လက္ရွိမွာေတာ့ အာဆင္နယ္အသင္းရဲ့ အဓိက တိုက္စစ္မွူး အူဘာမီယန္းကို ေခၚယူဖို႔ ႀကိဳးပမ္းလာေတာ့မယ္လို႔ သိရပါတယ္။

Photo Credit: Marca.com

စပိန္သတင္းစာေတြကေတာ့ ဘာစီလိုနာဟာ မိုနာကိုအသင္းက ဘန္ယီဒါ ၊ ဗလင္စီယာက ရိုဒရီဂိုတို႔ကို ေခၚယူဖို႔အတြက္ ႀကိဳးပမ္းခဲ့ေပမယ့္ ႏွစ္သင္းစလုံးက သူတို႔ရဲ့ တိုက္စစ္မွူးေတြကို ေရာင္းခ်ဖို႔အတြက္ ျငင္းဆန္ခဲ့တဲ့ အေနအထားေၾကာင့္ သူတို႔အသင္းထံကို ေျပာင္းလာဖို႔ ဆႏၵရွိတဲ့ အာဆင္နယ္တိုက္စစ္မွူး အူဘာမီယန္းကို ေျပာင္းလဲကမ္းလွမ္းဖို႔ ျပင္ဆင္ေနၿပီျဖစ္တယ္ လို႔ အသီးသီး ေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Marca.com

လက္ရွိမွာေတာ့ အူဘာမီယန္းဟာ ၃ပြဲပယ္ ျပစ္ဒဏ္ကေန ျပန္လြတ္လာၿပီျဖစ္တာေၾကာင့္ အာဆင္နယ္အတြက္ ျပန္ကစားေပးနိုင္ေတာ့မွာ ျဖစ္ၿပီး ဇန္နဝါရီလအေျပာင္းအေရႊ႕ ပိတ္သိမ္းဖို႔ဟာ ရက္သတၱပတ္တစ္ခုသာ လိုအပ္ေတာ့တ​ဲ့ အေနအထားေၾကာင့္ အူဘာမီယန္းကို ရရွိဖို႔ ဘာစီလိုနာအသင္းဟာ ယခုတစ္ပတ္အတြင္းမွာ ကမ္းလွမ္းမွုတစ္ခု ျပဳလုပ္ဖို႔ လိုအပ္ပါတယ္။

Photo Credit: Marca.com

ဘာစီလိုနာအသင္းနဲ႔ နီးစပ္သူေတြကေတာ့ ဘာစီလိုနာအသင္းဟာ ယခုတစ္ပတ္အတြင္းမွာပဲ ေျပာင္းေရႊ႕ေၾကး ယူရို၆၀သန္းဝန္းက်င္ရွိတဲ့ ကမ္းလွမ္းမွုတစ္ခုနဲ႔ အူဘာမီယန္းကို စတင္ ကမ္းလွမ္းမွာျဖစ္ေၾကာင္း ဖြင့္ဟထားခဲ့ၾကၿပီး အာဆင္နယ္အသင္းအေနနဲ႔ အူဘာမီယန္းကို ေရာင္းခ်မလား ၊ မေရာင္းခ်ဘူးလားဆိုတာကို တစ္ခါထဲ ဆုံးျဖတ္ရဖြယ္ ရွိေနပါတယ္။

စပိန်အင်အားကြီးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ အဓိကတိုက်စစ်မှူး ဖြစ်တဲ့ ဆွာရက်ဇ်ကို လက်ကျန်ရာသီတစ်ခုလုံး ဆုံးရှုံးခဲ့ရအပြီးမှာတော့ အစားထိုးတိုက်စစ်မှူး တစ်ဦးကို စျေးကွက်အတွင်းမှာ ရှာဖွေနေခဲ့ပြီး လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ အဓိက တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ ကြိုးပမ်းလာတော့မယ်လို့ သိရပါတယ်။

Photo Credit: Marca.com

စပိန်သတင်းစာတွေကတော့ ဘာစီလိုနာဟာ မိုနာကိုအသင်းက ဘန်ယီဒါ ၊ ဗလင်စီယာက ရိုဒရီဂိုတို့ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့် နှစ်သင်းစလုံးက သူတို့ရဲ့ တိုက်စစ်မှူးတွေကို ရောင်းချဖို့အတွက် ငြင်းဆန်ခဲ့တဲ့ အနေအထားကြောင့် သူတို့အသင်းထံကို ပြောင်းလာဖို့ ဆန္ဒရှိတဲ့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ပြောင်းလဲကမ်းလှမ်းဖို့ ပြင်ဆင်နေပြီဖြစ်တယ် လို့ အသီးသီး ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Marca.com

လက်ရှိမှာတော့ အူဘာမီယန်းဟာ ၃ပွဲပယ် ပြစ်ဒဏ်ကနေ ပြန်လွတ်လာပြီဖြစ်တာကြောင့် အာဆင်နယ်အတွက် ပြန်ကစားပေးနိုင်တော့မှာ ဖြစ်ပြီး ဇန်နဝါရီလအပြောင်းအရွှေ့ ပိတ်သိမ်းဖို့ဟာ ရက်သတ္တပတ်တစ်ခုသာ လိုအပ်တော့တ​ဲ့ အနေအထားကြောင့် အူဘာမီယန်းကို ရရှိဖို့ ဘာစီလိုနာအသင်းဟာ ယခုတစ်ပတ်အတွင်းမှာ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့ လိုအပ်ပါတယ်။

Photo Credit: Marca.com

ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေကတော့ ဘာစီလိုနာအသင်းဟာ ယခုတစ်ပတ်အတွင်းမှာပဲ ပြောင်းရွှေ့ကြေး ယူရို၆၀သန်းဝန်းကျင်ရှိတဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့ အူဘာမီယန်းကို စတင် ကမ်းလှမ်းမှာဖြစ်ကြောင်း ဖွင့်ဟထားခဲ့ကြပြီး အာဆင်နယ်အသင်းအနေနဲ့ အူဘာမီယန်းကို ရောင်းချမလား ၊ မရောင်းချဘူးလားဆိုတာကို တစ်ခါထဲ ဆုံးဖြတ်ရဖွယ် ရှိနေပါတယ်။