MySport Myanmar

ကစားသမားဟောင်းတွေထံမှ ငွေကြေး အကျိုးအမြတ် ရရှိနိုင်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဟိုးယခင် ဈေးကွက်တွေမှာ ကတည်းက အသင်းကနေ ရောင်းထုတ်ခဲ့တဲ့ ကစားသမားဟောင်းတချို့မှာ sell on clause ထည့်သွင်းထားခဲ့ရာ အဲ့ဒီ ကစားသမားတွေက အခု ဈေးကွက်ထဲမှာပဲ အပြောင်းအရွှေ့တွေ ဖြစ်ပေါ်ဖွယ် ရှိနေတာကြောင့် ဘာစီလိုနာအနေနဲ့ ငွေကြေး အကျိုးအမြတ် ရရနိုင်တယ်လို့ Football Espana ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Tribuna

ဘာစီလိုနာအသင်းဟာ ကော်တင်ဟို မယ်လ်ကွန် ဂျက်ဂလာ တိုဒီဘို နဲ့ မိုရီဘာတို့ (၅)ဦးလုံးကို အခြား ကလပ်အသင်းတွေဆီ ရောင်းချခဲ့စဉ်တုန်းက ဒီကစားသမားတွေနဲ့ ပတ်သက်ပြီး နောက်ထပ် ရောင်းချမှုတွေ ထပ်မံ လုပ်ဆောင်ရာမှာ ရာခိုင်နှုန်းအလိုက် အကျိုးအမြတ် ခံစားခွင့် ပေးရမယ်လို့ သဘောတူညီမှု ရယူထားခဲ့ပါတယ်။ လက်ရှိမှာ ဒီကစားသမားတွေ အားလုံးနီးပါးက သက်ဆိုင်ရာ ကလပ်အသင်းတွေကနေ နောက်ထပ် အသင်းသစ်တွေဆီ ပြောင်းရွှေ့ရဖွယ် ရှိနေတာကြောင့် အဲ့ဒီ အပြောင်းအရွှေ့တွေကနေ ဘာစီလိုနာအတွက် အကျိုးအမြတ်တွေ ရရှိလာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Tribuna

ဘာစီလိုနာဟာ တောင်ပံကစားသမား ကော်တင်ဟိုကို အက်စတွန်ဗီလာအသင်းဆီ ရောင်းချခဲ့တုန်းက sell on (၅၀)% ၊ တောင်ပံကစားမား မယ်လ်ကွန်ကို ဇင်းနစ်အသင်းဆီ ရောင်းချခဲ့စဉ်တုန်းက sell on (၇.၅)% ၊ တိုက်စစ် ကစားသမား ဂျက်ဂလာကို ကလပ်ဘရုဂေးအသင်းဆီနဲ့ ကွင်းလယ်လူ မိုရီဘာကို လိုက်ပ်ဇစ်အသင်းဆီ ရောင်းချခဲ့တုန်းက sell on (၁၀)% ၊ နောက်ခံလူ တိုဒီဘိုကို နိုက်စ်အသင်းဆီ ရောင်းချခဲ့ရာမှာ sell on (၂၀)%တွေစီ ထည့်သွင်းထားခဲ့တာကြောင့် ဒီကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေကနေ ဘာစီလိုနာအသင်းက ငွေကြေး အကျိုးအမြတ်တွေ ရရှိသွားဖို့ ရှိနေပြီး Football Espana ရဲ့ ခန့်မှန်း တွက်ချက်မှုအရ ဒီကစားသမားဟောင်း (၅)ဦးကနေ အနိမ့်ဆုံး ယူရို သန်း(၅၀)နီးပါးလောက်အထိ ပြန်လည် ရရှိနိုင်တယ်လို့ သိရပါတယ်။

Exit mobile version