MySport Myanmar

ရာဖင်ဟာအတွက် ယူရို သန်း(၈၀)ထိ အလိုရှိနေသည့် ဘာစီလိုနာ

ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ နွေရာသီကမှ ခေါ်ယူထားခဲ့တဲ့ တောင်ပံ တိုက်စစ်ကစားသမား ရာဖင်ဟာကို ပြောင်းရွေ့ကြေး ယူရို သန်း(၈၀)လောက်နဲ့ ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတယ်လို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Twitter

အသက် (၂၆)နှစ်အရွယ် ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ဟာ ဟာ ဒီရာသီရဲ့​ နွေစျေးကွက်အတွင်းမှာပဲ လိဒ်စ်ကနေ ဘာစီလိုနာအသင်းဆီကို ယူရို သန်း(၅၀)နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ (၄၅)ပွဲ ကစားပေးထားကာ (၁၀)ဂိုး သွင်းယူထားနိုင်ပါတယ်။ ရာဖင်ဟာက ဘာစီလိုနာမှာ ပွဲပေါင်းများစွာကို ပွဲထွက် ကစားသမားအဖြစ် ပါဝင်ထားပြီး အသင်းအတွက်လည်း အကျိုးပြုထားခဲ့ပေမယ့်လည်း သူ့ကို နယူးကာဆယ် ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားနေဆဲ ဖြစ်သလို လက်ရှိမှာ ဒမ်ဘီလီပါ ဒဏ်ရာကနေ သက်သာလာပြီဖြစ်လို့ နည်းပြဇာဗီက right wing နေရာမှာ သူ သဘောကျတဲ့ ဒမ်ဘီလီကိုပဲ ပိုမို နေရာပေးလာနိုင်ပါတယ်။

Photo Credit : Forbes

ဘာစီလိုနာအနေနဲ့ လာမယ့်နွေမှာ သူတို့ရဲ့ icon player ကြီး လီယွန်နယ်မက်ဆီကို အသင်းဆီ ပြန်လည် ခေါ်ဆောင်နိုင်ဖို့အတွက် အသင်း ဘဏ္ဍာရေးပိုင်းမှာပါ အားကောင်းနေဖို့ လိုအပ်နေတဲ့အတွက် အသင်းက ကစားသမား တချို့ကိုပါ ထုတ်ရောင်းချဖွယ် ရှိနေပါတယ်။ ဘာစီလိုနာက တိုက်စစ်ပိုင်းမှာ အန်ဆူဖာတီ ဖာရန်းတောရက်စ်တို့ကို ရှင်းထုတ်သွားဖို့ ရှိနေသလို တကယ်လို့များ အသင်းရဲ့ ညာတောင်ပံကစားသမား ရာဖင်ဟာအတွက် ယူရို သန်း(၈၀)လောက်နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ရာဖင်ဟာကိုပါ အသင်းကနေ ရောင်းထုတ်သွားနိုင်ပါတယ်။

Photo Credit : Forbes

ရာဖင်ဟာ သူ့အသင်းဟောင်း လိဒ်စ်မှာ ကစားနေစဥ်ကတည်းက သူ့ကို အာဆင်နယ် ချယ်လ်ဆီး စပါးအသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြတာဖြစ်ပြီး နောက်ဆုံးမှာတော့ ကစားသမားကိုယ်တိုင်က ဘာစီလိုနာကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ကို နယူးကာဆယ်ကလည်း ခေါ်ယူချင်နေပြီး ဘာစီလိုနာ အလိုရှိနေတဲ့ တန်ကြေးမျိုးနဲ့ ကမ်းလှမ်းလာဖွယ်လည်း ရှိနိုင်ပါတယ်။

Exit mobile version