ဝုလ်ဗ်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ဟာ လာမယ့် ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် သဘောတူညီမှု ရရှိထားခဲ့ပြီလို့ စပိန် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Neves made what could be his final appearance for Wolves as a substitute against Arsenal

Photo Credit : Daily Mail

စပိန်နိုင်ငံထုတ် AS သတင်းစာရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းနဲ့ ဝုလ်ဗ် ကွင်းလယ်လူ နေးဗက်စ်တို့ရဲ့ အပြောင်းအရွှေ့အတွက် ပေါင် (၂၆)သန်းနဲ့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။ ဘာစီလိုနာ နည်းပြ ဇာဗီကလည်း သူ့အသင်းရဲ့ ကစားသမားအင်အားကို တိုးမြှင့်ချင်နေတာကြောင့် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်ကစားသမား နေးဗက်စ်ကို ခေါ်ယူချင်သလို ကစားသမားကိုယ်တိုင်ကပါ ဘာစီလိုနာအတွက် ကစားပေးသွားချင်နေပါတယ်။ ဒါ့အပြင် AS က နေးဗက်စ် အပြောင်းအရွှေ့အတွက် ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ နဲ့ နေးဗက်စ်ရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်တို့ကြားမှာပါ စီစဉ်မှု ရှိထားပြီးသားလို့ ဖော်ပြထားပါသေးတယ်။

Barcelona are reportedly closing in on the signing of midfielder Ruben Neves from Wolves

Photo Credit : Daily Mail

တကယ်လို့ နေးဗက်စ်သာ ဘာစီလိုနာကို ရောက်လာခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့ရာသီက မီလန်ကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့လာတဲ့ ဖရန့်ကတ်ဆေး အသင်းနဲ့ လမ်းခွဲဖို့လည်း ရှိနေပါတယ်။ ဘာစီလိုနာကတော့ နေးဗက်စ်အပြင် နောက်ထပ် ပရီးမီးယားလိဂ်ရဲ့ ဝါရင့် ကွင်းလယ်လူဖြစ်တဲ့ ဂန်ဒိုဂန်ကိုပါ မန်စီးတီးအသင်းကနေ ခေါ်ယူသွားချင်နေပါတယ်။ ဂျာမနီ ကစားသမားကြီး ဂန်ဒိုဂန်က မကြာခင်မှာပဲ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ သူ့ကို ဘာစီလိုနာက အလွတ်နဲ့ ခေါ်ယူချင်နေတာ ဖြစ်သလို ဘီလ်ဘာအိုရဲ့ လာလီဂါ အတွေ့အကြုံရင့် နောက်ခံလူ အင်နီဂိုမာတီနက်ဇ်ကိုပါ အသင်းဆီ အရ ခေါ်ဆောင်ချင်နေပါတယ်။

ဒီကစားသမားတွေအပြင် လာမယ့်နွေမှာ ပီအက်စ်ဂျီအသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် လီယွန်နယ်မက်ဆီကိုပါ အသင်းဆီ ပြန်ခေါ်ယူဖို့ ဘာစီလိုနာဘက်က အသေအချာ ကြိုးပမ်းလျက် ရှိနေပြီး မက်ဆီကို ခေါ်ဆောင်နိုင်ဖို့အတွက် အသင်းက ကစားသမားတချို့ကိုပါ ရောင်းထုတ် ရှင်းလင်းသွားရဖွယ်လည်း ရှိနေပါတယ်။