စပိန်ထိပ်သီးကလပ်ဖြစ်တဲ့ ဘာစီလိုနာ အသင်းကတော့ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ်ကစားသမားဖြစ်တဲ့ ချယ်လ်ဆီးအသင်းမှ တောင်ပံကစားသမား ဝီလီယံကို ခေါ်ယူဖို့ ရည်မှန်းချက်ကို လက်မလွှတ်သေးနိုင်သေးပဲ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေကြောင်း စပိန်သတင်းဌာနတေ​ွက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit: Marca.com

အသက် ၃၁နှစ်အရွယ် ဝီလီယံဟာ ယခုနှစ် ဘောလုံးရာသီကုန်ဆုံးချိန်မှာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိ အချိန်အထိ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေဟာ အဆင်မပြေသေးဘူးလို့ သိရပါတယ်။ လန်ဒန်အခြေစိုက် သတင်းဌာနတွေကတော့ ဘာစီလိုနာအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ နှောင့်နှေးမှုတွေကို အသာစီးယူကာ ဝီလီယံထံသို့ ချဉ်းကပ်နေတယ် လို့ ဆိုထားခဲ့ကြပါတယ်။

Photo Credit: Marca.com

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့အဆိုအရ ဘာစီလိုနာအသင်းဟာ ဝီလီယံကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စတင်ဆွေးနွေးနေပြီ ဖြစ်သလို ဝီလီယံဘက်ကလည်း ဘာစီလိုနာ အသင်းရဲ့ ကမ်းလှမ်းမှုတွေကို သဘောကျနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် စပိန် ဘောလုံးကျွမ်းကျင်သူတွေကတော့ ဝီလီယံဟာ မကြာမီမှာပဲ ဘာစီလိုနာနဲ့ သဘောတူညီမှု ရရှိသွားနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

Photo Credit: Marca.com

ဝီလီယံဟာ လက်ရှိဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ၂၄ပွဲအထိ ပါဝင်ကစားပေးထားသူဖြစ်ပြီး ၄ဂိုး သွင်းယူပေးထားကာ ၄ဂိုး ဖန်တီးမှုပြုလုပ်ထားနိုင်သူပဲ ဖြစ်ပါတယ်။