ဂျပန်မြေကို မပြောင်းရွှေ့လာခင်မှာ ဘာစီလိုနာအသင်းနဲဲ့အတူ ဥရောပဘောလုံးနယ်ပယ်မှာ နှစ်ပေါင်း၂၂နှစ်အထိ ဖြတ်သန်းခဲ့တဲ့ ကွင်းလယ်ကစားသမား အင်နီယေစတာကို အသင်းဟောင်း ဘာစီလိုနာအသင်းကနေ ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်အတွင်းမှာ ဗစ်ဆဲလ်ကိုဘေအသင်းကနေ ၆လတာ အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း ဗစ်ဆဲလ်ကိုဘေအသင်းဘက်ကနေ ဒီကမ်းလှမ်းချက်ကို လက်မခံခဲ့တာကြောင့် ကမ်းလှမ်းချက်က မအောင်မြင်ခဲ့ပဲ ဘာစီလိုနာမှာ အင်နီယေစတာကို ပြန်လည်မြင်တွေ့ရဖို့ အခွင့်ရေးကလည်း ပျက်ပြယ်သွားခဲ့ရပါတယ်။

Photo Credit : Getty Images

အသက်၃၅နှစ်အရွှယ်ရှိပြီဖြစ်တဲ့ စပိန်ဂန္တဝင်ကစားသမား အင်နီယေစတာဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ ဘာစီလိုနာကနေ ဂျေလိဂ်ကလပ် ဗစ်ဆဲလ်ကိုဘေအသင်းဆီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး အခုဆိုရင် ကိုဘေအသင်းနဲ့အတူ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ကလည်း လက်ကျန်ဘောလုံးရာသီဝက်မှာ အသင်းကို ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်မယ့် ဝါရင့်ကစားသမားကြီး အင်နီယေစတာကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဗစ်ဆဲဲလ်ကိုဘေအသင်းက သူတို့အသင်းအတွက် အရေးပါလှတဲ့ ကစားသမားကြီးကို အသင်းကနေ လက်လွတ်ဖို့ အစီအစဉ်မရှိတာကြောင့် ဘာစီလိုနာရဲ့ကမ်းလှမ်းချက်ကို ပယ်ချခဲဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

စပိန်လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမားကြီး အင်နီယေစတာဟာ သူရဲ့ဗစ်ဆဲလ်ကိုဘေအသင်းနဲ့အတူ ၂၀၁၉ အင်ပါယာဖလားပြိုင်ပွဲ(ရှုံထွက်ဖလားပြိုင်ပွဲ)မှာ ချန်ပီယံဖြစ်ခဲ့သလို ၂၀၂၀ခုနှစ် ဂျပန်စူပါဖလားပြိုင်ပွဲမှာလည်း ၂၀၁၉ ဂျေလိဂ်အမှတ်ပေးချန်ပီယံ ယိုကိုဟားမားအက်ဖ်မာရီနိုစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး အချိန်ပိုပင်နယ်တီမှာ ၃ဂိုး၂ဂိုးနဲ့ အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ရပါတယ်။ သိပ်မကြာခင်မှာလည်း ဗစ်ဆဲလ်ကိုဘေအသင်းက အေအက်ဖ်စီချန်ပီယံလိဂ်ပြိုင်ပွဲကို စတင်ဆင်နွဲရတော့မှာဖြစ်ပြီး အုပ်စု G မှာ ကိုရီးယားကလပ် ဆူဝန်ဘလူးဝင်းစ် တရုတ်စူပါလိဂ်ကလပ် ဂွမ်ဇူးအဲဗားဂရန်ဒီအသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက်နေတာကြောင့် အင်နီယေစတာလို ဝါရင့်ကစားသမားတစ်ယောက်ကို အသင်းကနေ လက်လွတ်သွားဖို့ ဆန္ဒမရှိတာဖြစ်ပါတယ်။ လက်ရှိ ဗစ်ဆဲလ်ကိုဘေအသင်းမှာ ဘာစီလိုနာကစားသမားဟောင်းတွေဖြစ်တဲ့ နောက်ခံလူဗာမယ်လန်းနဲ့ ကွင်းလယ်ကစားသမား ဆာဂျီဆမ်ပါတို့လည်း ပါဝင်ကစားလျက်ရှိနေပါတယ်။