အီတလီနိုင်ငံဟာ လက်ရှိမှာ ကိုရိုနာ ဗိုင်းရပ်ရောဂါ ဖြစ်ပွားနေပြီ ဖြစ်တယ်လို့ အတည်ပြုချက် ထွက်ပေါ်လာခဲ့တာကြောင့် ဘောလုံး အားကစား ပြိုင်ပွဲကိုလည်း ထိပါးလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အီတလီနိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ် ဖြစ်ပွားနေပြီ ဖြစ်တာကြောင့် အီတလီနိုင်ငံမှာ ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ် နဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေကို ပရိသတ်တွေမပါဘဲ ကစားရဖွယ် ရှိနေပါတယ်။ အီတလီနိုင်ငံမှာ ကစားသွားမယ့် ချန်ပီယံလိဂ် ပွဲစဉ်က ဘာစီလိုနာအသင်း နဲ့ နာပိုလီအသင်း ဖြစ်ပြီး ယူရိုပါလိဂ် ပွဲစဉ်ကတော့ အင်တာမီလန်အသင်း နဲ့ လူဒိုဂိုရက်စ်အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဘာစီလိုနာအသင်းကတော့ လာမယ့် အင်္ဂါနေ့ည၊ ဗုဒ္စဟူေးန့ နံနက် (၂း၃၀) အချိန်မှာ နာပီုလီအသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ အဝေးကွင်း ပွဲစဉ် ကစားသွားမှာပါ။ ESPN သတင်းက ဘာစီလိုနာအသင်းဟာ အီတလီနိုင်ငံကို သွားရောက်တဲ့ အချိန်မှာ အီတလီနိုင်ငံ မဝင်ခင် နဲ့ အီတလီနိုင်ငံက ပြန်မသွားခင် ဆေးစစ်မှု ခံယူရမယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ နည်းပြ ဆက်တီယန်ရဲ့  ဘာစီလိုနာအသင်းဟာ အီတလီနိုင်ငံကို ရောက်သွားတဲ့ အခါ လေဆိပ်မှာ ကိုယ်အပူချိန် စစ်ဆေးခံရမှာ ဖြစ်ပြီး ပြန်သွားရင်လည်း အလားတူ ပြန်စစ်ဆေးခံသွားရမှာပါ။

Photo Credit: Dailymail

တကယ်လို့ အပူချိန် မြင့်မားနေတဲ့ ကစားသမားတွေကို တွေ့မယ် ဆိုရင် စပိန်နိုင်ငံကို ပြန်ခွင့် မပေးဘဲ အီတလီနိုင်ငံက ရောဂါကာကွယ်ရေး ဆေးရုံကို အမြန်ဆုံး ပို့ဆောင်မှာ ဖြစ်ပါတယ်။ နောက်ဆုံး သတင်းအရ အီတလီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရတဲ့ လူဦးရေ (၈၀) ခန့် ရှိပြီး ရောဂါကြောင့် လူ (၂) ဦးအထိ သေဆုံးသွားခဲ့ပြီ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်း နဲ့ နာပိုလီအသင်း ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကို ပရိသတ် မပါဘဲနဲ့ ကစားနိုင်သလို အင်တာမီလန်အသင်း နဲ့ လူဒိုဂိုရက်စ် ပွဲစဉ်ကို အလားတူ ကစားနိုင်ပါတယ်။ အင်တာမီလန်အသင်းဟာ ကြာသပတေးနေ့ည၊ သောကြာနေ့ နံနက် (၂း၃၀) အချိန်ကျရင် လူဒိုဂိုရက်စ်အသင်းကို ယူရိုပါလိဂ် (၃၂) သင်း ဒုတိယ အကျော့မှာ ဧည့်ခံရမှာပဲ ဖြစ်ပါတယ်။