ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲ ဘောလုံးလောကတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ လီယွန်နယ်မက်ဆီရဲ့အနာဂတ်ကိစ္စနဲ့ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထွက်ပေါ်လျက်ရှိနေသလို တကယ်လို့သာ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကို သေချာပေါက်စွန့်ခွာသွားခဲ့မယ်ဆိုရင် ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီရဲ့နေရာအတွက် လီဗာပူးလ်အသင်းရဲ့ဆီနီဂေါတောင်ပံတိုက်စစ်ကစားသမား ဆာဒီယိုမာနေးနဲ့ အစားထိုးဖွယ်ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၃)နှစ်အရွှယ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဘာစီလိုနာကနေ ထွက်ခွာချင်တယ်လို့ ပြောဆိုလာခဲ့ပြီး အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်တောင်းဆိုလာခဲ့တာကြောင့် ဒီကိစ္စကို ဘာစီလိုနာဘက်ကနေ ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းရဖွယ်ရှိနေပါတယ်။ တကယ်လို့သာ ကစားသမားရဲ့ဆန္ဒအတိုင်းသာ အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ရမယ်ဆိုရင် အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ဆီနီဂေါလက်ရွေးစင် လီဗာပူးလ်တိုက်စစ်ကစားသမား မာနေးကို ပြန်လည်ခေါ်ယူသွားဖို့ ပစ်မှတ်ထားလို့နေပါတယ်။

Photo Credit : Daily Mail

TMW ကနေ ဖော်ပြလာချက်အရ အသင်းမှာ ဆယ်စုနှစ်(၂)ခုကြာ ဖြတ်သန်းခဲ့ပြီး အသင်းနဲ့အတူ အောင်မြင်မှုပေါင်းများစွာကို အရယူဆောင်နိုင်ခဲ့တဲ့ မက်ဆီကိုသာ လက်လွတ်လိုက်ရမယ်ဆိုရင် ဘာစီလိုနာအသင်းဟာ မက်ဆီရဲ့နေရာအတွက် လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှာ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်တဲ့ မာနေးကို အစားထိုးခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ မာနေးဟာ နည်းပြယာဂင်ကလော့ရဲ့လက်အောက် အရမ်းကို တောက်ပခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားအပြင် အသင်းနဲ့ အနှစ်သုံးဆယ်လောက် ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဆုဖလားကိုပါ အရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မာနေးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံ (၄၇)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၂၂)ဂိုး ရယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ အသက်(၂၈)နှစ်အရွှယ် လီဗာပူးလ်တိုက်စစ်ကစားသမားမာနေးကို ခေါ်ယူနိုင်ဖို့အတွက်ဆိုရင် ပြောင်းရွှေ့ကြေးကို ပေါင်သန်းတစ်ရာဝန်းကျင်အထိ သုံးစွဲရဖွယ်ရှိနေတဲ့အပြင် ကစားသမားကို သူရဲ့အသင်းကနေလည်း ရောင်းထုတ်ဖွယ်မရှိသလို မာနေးကို ဘာစီလိုနာရဲ့ပြိုင်ဘက်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေလည်း ပစ်မှတ်ထားနေတာကြောင့် ခေါ်ယူဖို့က ခက်ခဲနိုင်ပါတယ်။