အသင်းရဲ့ဝါရင့်တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ် ဒူးဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူရတော့မှာဖြစ်လို့ လာမယ့်ဧပြီလလောက်အထိ အနားယူနေရချိန်မှာ နောက်ထပ်တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်သူ ဒမ်ဘီလကပါ ဒဏ်ရာကြောင့် ၆လလောက်အထိ ထပ်မံအနားယူရတော့မှာဖြစ်လို့ ဘာစီလိုနာအသင်းအနေနဲ့ တိုက်စစ်ပိုင်းမှာ အင်အားလျော့နည်းလာခဲ့ပြီး လာလီဂါမှာ သတ်မှတ်ပေးထားတဲ့ အပြောင်းအရွှေ့ပေါ်လစီအသစ်ကို အသုံးချကာ တိုက်စစ်မှူးအသစ်တစ်ယောက်ကို ဒီရက်ပိုင်းအတွင်း ခေါ်ယူသွားမှာဖြစ်ကာ လီဟာနက်စ်တိုက်စစ်မှူး မာတင်ဘရေ့ဖ်ဝိတ်ကို ခေါ်ယူဖွယ်ရှိနေပါတယ်။

အသက်၂၈နှစ်အရွှယ်ရှိ ဒိန်းမတ်တိုက်စစ်ကစားသမား ဘရေ့ဖ်ဝိတ်ဟာ ဒီနှစ်ဘောလုံးရာသီကမှ လိဂ်ချန်ပီယံရှစ် မစ်သယ်ဘရော့အသင်းကနေ လီဟာနက်စ်ဆီကို ယူရို၅သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီမှာ လီဟာနက်စ်အတွက် လာလီဂါပွဲပေါင်း၂၄ပွဲကစားထားကာ သွင်းဂိုး၆ဂိုး ရယူထားနိုင်ခဲ့ပါတယ်။ တိုက်စစ်ကစားသမားသစ်တစ်ယောက်ကို အသည်းအသန်ရှာဖွေလျက်ရှိနေတဲ့ ဘာစီလိုနာအသင်းရဲ့ပစ်မှတ်ထဲမှာ အပါအဝင်ဖြစ်လို့နေတဲ့ ဘရေ့ဖ်ဝိတ်ဟာ သူရဲ့ကစားသမားဘဝတလျှောက် ဘော်ဒိုး မစ်ဒယ်ဘရော့ တူးလော့စ်အသင်းတို့မှာပဲ ပါဝင်ကစားခဲ့ဖူးတာဖြစ်ပြီး အခုလို ဘာစီလိုနာအသင်းမှာ ကစားခွင့်ရမယ့် ကမ်းလှမ်းမှုက သူ့အတွက် အကြီးမားဆုံး အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

ဒိန်းမတ်သတင်းမီဒီယာတစ်ခုကနေ ဖော်ပြချက်များအရ ဘာစီလိုနာအသင်းနဲ့ လီဟာနက်အသင်းတို့ဟာ ဒီနေ့မှာပဲ ဘရေ့ဖ်ဝိတ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အပြီးသတ်ဆွေးနွေးကြမှာဖြစ်ကာ တကယ်လို့ လီဟာနက်စ်ဘက်ကနေ သဘောမတူညီခဲ့ဘူးဆိုရင် ဘရေ့ဖ်ဝိတ်ရဲ့စာချုပ်လျော်ကြေးဖြစ်တဲ့ ယူရို၁၈သန်းနဲဲ့ဒိန်းမတ်သတင်းမီဒီယာတစ်ခုကနေ ဖော်ပြချက်များအရ ဘာစီလိုနာအသင်းနဲ့ လီဟာနက်အသင်းတို့ဟာ ဒီနေ့မှာပဲ ဘရေ့ဖ်ဝိတ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အပြီးသတ်ဆွေးနွေးကြမှာဖြစ်ပေမယ့်လည်း လီဟာနက်စ်အသင်းကတော့ ဒီရာသီမွ သူတို့အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ကစားသမားကို ရောင်းထုတ်ဖို့ ဆန္ဒမရှိပဲဖြစ်နေတာကြောင့် ဘာစီလိုနာအနေနဲ့ ဘရေ့ဖ်ဝိတ်အတွက် စာချုပ်လျော်ကြေးတန်ဖိုးဖြစ်တဲ့ ယူရိုသန်း၂၀နဲ့ ကမ်လှမ်းရနိုင်ပါတယ်။ ဘာစီလိုနာအနေနဲ့ကလည်း စပိန္လာလီဂါမွာ လာလီဂါဖလားကို အရယူနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြိုင်ဖြစ်လို့နေပြီး လက်ရှိမှာလည်း အသင်းနှစ်သင်းကြား ရမွတ္ကြာဟခ်က္က ၁မှတ်ပဲရှိနေတဲ့အပြင် ချန်ပီယံလိဂ်မှာကလည်း ချန်ပီယံဆုကိုရယူဖို့အထိ ချိန်ရွယ်ထားတာဖြစ်လို့ အခုလို တိုက်စစ်ကစားသမားတွေ အနာတရဖြစ်နေချိန် လာလီဂါကေန သတ်မှတ်ထားတဲ့ စည်းမျဉ်းသစ်နဲ့ အကျုံးဝင်နေတဲ့ပုံစံအတိုင်း တိုက်စစ်မှူးသစ်တစ်ယောက်ကို အလျင်အမြန်ခေါ်ယူသွားသင့်ပါတယ်။