ဘာစီလိုနာအသင်းဟာ ပေါ်တူဂီ နောက်ခံအစွန်လူ ဂျာအိုကန်ဆယ်လိုကို လာမယ့် ဘောလုံးရာသီမှာ မန်ချက်စတာစီးတီးအသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားမှု မြင့်တတ်လျက် ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Joao Cancelo 'to start on the BENCH' against Paris Saint-Germain | Daily  Mail Online

Photo Credit : Daily Mail

ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှ မန်စီးတီးကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ရာသီကုန်အငှား+ယူရိုသန်း(၇၀)နဲ့ အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ အံ့အားသင့်စဖွယ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ ကန်ဆယ်လိုက စီးတီးမှာ ပုံမှန် ကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် အခုလို ဘိုင်ယန်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရတာ ဖြစ်တယ်လို့ ပြောဆိုထားခဲ့ပါသေးတယ်။ အသက်(၂၈)နှစ်အရွယ် side-back ကစားသမား ကန်ဆယ်လိုဟာ စီးတီးမှာသာမကပဲ ဂျာမနီမှာလည်း ရုန်းကန်နေရပြီး ဘိုင်ယန်ရဲ့ နောက်ဆုံး(၃)ပွဲမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပြီး ပီအက်စ်ဂျီနဲ့ပွဲမှာလည်း (၅)မိနစ်သာ ကစားခွင့်ရခဲ့ပါတယ်။

Photo Credit : Eurosport

SPORTbible ရဲ့ သတင်းဖော်ပြချက်တွေအရ လာလီဂါ ထိပ်သီးကလပ်အသင်းကြီး ဘာစီလိုနာအသင်းက ကန်ဆယ်လိုနဲ့ ဘိုင်ယန်အသင်းတို့ကြား အငှားစာချုပ် ကုန်ဆုံးသွားချိန် ဘိုင်ယန်ဘက်က အပြီးသတ် မခေါ်ယူဖြစ်ခဲ့ရင် ကန်ဆယ်လိုကို တစ်ရာသီ အငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အတွင်း SportsMail ရဲ့ သတင်းဖော်ပြချက်ထဲမှာလည်း ဘိုင်ယန်ဘက်က ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူသွားဖို့ ဆန္ဒမရှိတော့ပဲ အငှားစာချုပ် ပြီးဆုံးသွားချိန်မှာ မန်စီးတီးအသင်းဆီကိုပဲ ပြန်လည် ပို့ဆောင်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Cristovao: Cancelo just had to be a footballer

Photo Credit : FIFA

ပေါ်တူဂီ လက်ရွေးစင် နောက်ခံအစွန်လူ ကန်ဆယ်လိုဟာ ၂၀၁၉ခုနှစ်ကမှ ဂျုဗင်တပ်စ်အသင်းကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ မန်စီးတီးနဲ့ ၂၀၂၇ခုနှစ်အထိ သက်တမ်းတိုးထားခဲ့ကာ ကျောနံပါတ် (၇)ကိုလည်း ပြောင်းလဲ ဝတ်ဆင်ခဲ့ရပါသေးတယ်။ ဒါပေမယ့် အသင်းနည်းပြ ပက်ပ်ဂွာဒီယိုလာရဲ့ အစီအစဉ်တွေထဲမှာ ပါဝင်လာဖွယ် မရှိတော့တာကြောင့် ကန်ဆယ်လိုအနေနဲ့ အသင်း အပြောင်းအလဲ လုပ်ဆောင်ချင်နေပြီး တကယ်လို့ ဘိုင်ယန်သာ သူ့ကို အပြီးသတ် မခေါ်ယူဖြစ်ရင်တော့ ဘာစီလိုနာက ကြားဖြတ် ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။