ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်တုန်းက ဝုလ်ဗ်အသင်းကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ စပိန်တောင်ပံကစားသမား အဒါမာထရာအိုရေးကို အပြီးသတ် ခေါ်ယူဖို့အတွက် အငှားခေါ်ယူခဲ့စဉ်တုန်းက ထည့်သွင်းခဲ့တဲ့ ယူရိုသန်း(၃၀)နဲ့ အပြီးသတ်ခေါ်ယူခွင့်ကို စိတ်ဝင်စားခြင်းမရှိပဲ အသင်းက ကစားသမား တစ်ဦးဦးနဲ့ ကစားသမားချင်း အလဲအလှယ်သာ လုပ်ဆောင်သွားချင်နေတယ်လို့ သိရှိရပါတယ်။

Adama Traore 'very upset' with Barcelona snob as Wolves star continues to  struggle

Photo Credit : CCBCNES

စပိန်လက်ရွေးစင် တောင်ပံကစားသမား ထရာအိုရေးဟာ ဘာစီလိုနာအသင်းရဲ့ လူငယ်အကယ်ဒမီဖြစ်တဲ့ လာမာစီယာကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ဘာစီလိုနာ လူငယ်အသင်းမှာလည်း ပွဲပေါင်းများစွာ ပါဝင်ခဲ့ပြီးမှ ဗီလာ မစ်ဒယ်ဘရော့ ဝုလ်ဗ်အသင်းတွေဆီကို ရောက်ရှိခဲ့ပြီး ဇန်နဝါရီလကမှ သူရဲ့အသင်းဟောင်း ဘာစီလိုနာကို အငှားနဲ့ ပြန်လည်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ သူတို့ရဲ့ ငယ်မွေးခြံပေါက် ကစားသမားဟောင်း ထရာအိုရေးကို ရာသီကုန်အငှား+ယူရိုသန်း(၃၀)နဲ့ အပြီးသတ်ခေါ်ယူခွင့်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ကမ်းလှမ်းခဲ့ပြီး ဝုလ်ဗ်အသင်းကလည်း လက်ခံခဲ့တာကြောင့် ထရာအိုရေးနဲ့ ဘာစီလိုနာတို့ ပြန်လည်ပူးပေါင်းခွင့် ရရှိခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Bharat Express News

ထရာအိုရေးဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါ(၉)ပွဲ အပါအဝင် ပြိုင်ပွဲစုံ(၁၅)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ပြီး သွင်းဂိုးသွင်းယူနိုင်ခြင်း မရှိသေးပေမယ့်လည်း လာလီဂါနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေအတွင်း ဂိုးဖန်တီးမှု(၄)ကြိမ်ထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ဝုလ်ဗ်အသင်းအတွက် သွင်းဂိုး(၁)ဂိုးလေးသာ သွင်းယူထားနိုင်ခဲ့သူ ထရာအိုရေးက ဝုလ်ဗ််ကို ပြန်မသွားချင်တော့ပဲ ဘာစီလိုနာအသင်းနဲ့သာ ဆက်လက် လက်တွဲချင်နေပေမယ့် ဖာဘရီဇီယိုရိုမာနိုကတော့ ဘာစီလိုနာဘက်က ထရာအိုရေးကို ယူရိုသန်း(၃၀)နဲ့ အပြီးသတ် ခေါ်ယူသွားဖို့ထက် ကစားသမားချင်း အလဲအလှယ် လုပ်ဆောင်သွားဖို့ကိုသာ ဆန္ဒရှိနေတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ လက်ရှိ ဘာစီလိုနာနဲ့ ဝုလ်ဗ်အသင်းတို့ကြားမှာ ကစားသမားချင်း အငှားချမှုအဖြစ် ထရာအိုရေးနဲ့ ထရင်ကာအိုတို့ ရှိနေရပြီး ဒီကစားသမားနှစ်ယောက်ကို တိုက်ရိုက်အလဲအလှယ် လုပ်ဆောင်သွားဖို့ကိုသာ ဘာစီလိုနာဘက်က အလိုရှိနေပါတယ်။ ဒီလိုမှ မဟုတ်ရင်လည်း အသင်းက ကစားသမားတစ်ဦးဦးနဲ့ ထရာအိုရေးကို လဲလှယ်သွားဖွယ် ရှိနေတဲ့အတွက် စျေးကွက်ဖွင့်ချိန်မှာ ထရာအိုရေးနဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အသင်းနှစ်သင်းကြား ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်သွားရတော့မှာ ဖြစ်ပါတယ်။