ဘာစီလိုနာအသင်းဟာ နည်းပြဇာဗီလက်ထက် အသင်းရဲ့ရလဒ်တွေနဲ့ ကစားပုံတွေ တိုးတတ်ကောင်းမွန်လာခဲ့ပြီး အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာသလောက် ဖြစ်လာခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲဘက်မှာလည်း ဗို်လ်စွဲဖို့ ရေပန်းစားနေတဲ့အတိုင်း အောင်မြင်မှု ရယူနိုင်ဖို့ အခြေအနေကောင်းနေရပါတယ်။ ဒီလို အရှိန်အဟုန် ကောင်းကောင်းနဲ့ လက်ကျန်ဘောလုံးရာသီကို ဖြတ်ကျော်နေတဲ့ အသင်းကို လာမယ့်နွေမှာ အားဖြည့်မှုတွေ ထပ်မံလုပ်ဆောင်သွားဖို့ စီစဉ်နေရာ ဝါရင့်နောက်ခံလူတစ်ဦးဖြစ်တဲ့ ကူလီဘလီကိုပါ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ အီတလီအခြေစိုက် Calciomercato မီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Kalidou Koulibaly: Paris Saint-Germain distant themselves from Senegalese  defender | KICK442

Photo Credit : Kick442

ဘာစီလိုနာအသင်းဟာ ဒီရာသီ နည်းပြဟောင်းရော်နယ်ကိုးမန်းလက်ထက် ရလဒ်ပိုင်းတွေ ဆိုးရွ့ားခဲ့ပြီး လာလီဂါမှာ အဆင့်ရပ်တည်မှုတွေ ကျဆင်းခဲ့ရသလို ချန်ပီယံလိဂ်ဘက်မှာလည်း နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့က မလွယ်ကူနိုင်တဲ့ အခြေအနေထိ ရောက်ရှိခဲ့ရပါတယ်။ ဒါပေမယ့် ကိုးမန်းနေရာ ဇာဗီဝင်ရောက်လာချိန် ဘာစီလိုနာအသင်းက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့သလို ဆောင်းစျေးကွက်အတွင်း ခေါ်ယူထားခဲ့တဲ့ ကစားသမားသစ်တွေကလည်း အသင်းမှာ အမြန်အထိုင်ကျခဲ့တဲ့အတွက် အသင်းရဲ့ အနေအထားက အားရစရာ ဖြစ်လာခဲ့ရပါတယ်။

The FC Barcelona moves card by Kalidou Koulibaly

Photo Credit : Euro24News

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ တိုက်စစ်ပိုင်းကိုသာ အဓိကထားပြီး အားဖြည့်ခဲ့တဲ့အပြင် လက်ရှိ အသင်းရဲ့ နောက်ခံကစားသမား အာရူဟိုကလည်း အသင်းနဲ့ စာချုပ်သက်တမ်း မတိုးတော့ပဲ လက်တွဲဖြုတ်ဖွယ် ရှိနေတာကြောင့် လာမယ့်နွေမှာ အသင်းရဲ့ ခံစစ်ပိုင်းကိုပါ အားဖြည့်မှုတွေ လုပ်ဆောင်သွားဖို့ ချိန်ရွှယ်နေပါတယ်။ လတ်တလောမှာတော့ ဘာစီလိုနာဟာ ချယ်လ်ဆီးအသင်းရဲ့ ဒိန်းမတ်နောက်ခံကစားသမား ခရစ္စတန်ဆန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့သလို ဥရောပ အတွေ့အကြုံရှိ နောက်ခံလူြုဖစ်တဲ့ ဆီနီဂေါလက်ရွေးစင် ခံစစ်မှူး ကူလီဘလီကိုပါ ခေါ်ယူသွားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ အသက်(၃၀)အရွှယ်ရှိ ဆီနီဂေါ ဗဟိုနောက်ခံလူ ကူလီဘလီဟာ ၂၀၁၄ခုနှစ်ထဲက နာပိုလီအသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး အသင်းရဲ့ အရေးပါဆုံး ကစားသမား အသင်းခေါင်းဆောင်လည်းဖြစ်ပေမယ့် သူရဲ့စာချုပ်သက်တမ်းက ၂၀၂၃ခုနှစ်အထိသာ ကျန်ရှိနေတော့သလို ကူလီဘလီကိုယ်တိုင်ကလည်း လာမယ့်နွေမှာပဲ နာပိုလီက ထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် အသင်းပြောင်းဖွယ် ရှိနေပါတယ်။