ဗယ်ဗာဒီနဲ့ လမ်းခွဲခဲ့ပြီးနောက် အချိန်တိုလေးအတွင်းမှာပဲ ဘက်တစ်နည်းပြဟောင်း ဆယ်တီယန်ကို အစားထိုးခဲ့တဲ့ ဘာစီလိုနာအသင်းဟာ အခု ဆယ်တီယန်ရဲ့ပွဲဦးထွက်မှာပဲ ဂရန်နာဒါအသင်းကို လီယွန်နယ်မက်ဆီရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဆယ်တီယန်အတွက်လည်း မျက်နှာပန်းလှခဲ့ပါတယ်။ ရလဒ်အရတော့ ဘာစီလိုနာရဲ့နိုင်ပွဲက အားရစရာအနေအထားမှာ ရှိမနေနိုင်ခဲ့ဘူးဆိုပေမယ့် ဗယ်ဗာဒီလက်အောက်မှာတုန်းက မမြင်ခဲ့ရတဲ့ ဘာစီလိုနာကစားဟန်တွေကို ပြန်လည်မြင်တွေ့ခဲ့ရတာက ဘာစီလိုနာပရိသတ်တွေအတွက် နှစ်သက်စရာ ဖြစ်နိုင်ပါတယ်။

Photo Credit : Getty Images

ဘာစီလိုနာအသင်းက စပိန်လာလီဂါပွဲစဉ်(၂၀)မှာ ဂရန်နာဒါနဲ့ ကစားခဲ့တဲ့ ပထမပိုင်းပွဲစဉ်အတွင်းမှာ ဘောလုံးပိုင်ဆိုင်မှုက ၈၁.၉%အထိတောင် ရှိခဲ့ရပြီး ဒါဟာ ယခင်ဘာစီလိုနာအသင်းရဲ့ ပုံမှန်ကစားဟန်မျိုးကို ပြန်လည်မြင်တွေ့ခဲ့ရတာလို့ဆိုနိုင်ပြီး ဘောလုံးပေးပို့မှုပေါင်း ၅၀၈ကြိမ်အထိ ကြိုးပမ်းခဲ့ရာမှာ ၄၆၉ကြိမ်က အောင်မြင်နိုင်ခဲ့ရကာ ဘောလုံးပေးပို့မှုရဲ့  ၉၂.၃%အထိကို အောင်မြင်ခဲ့တယ်ဆိုနိုင်မှာဖြစ်ပါတယ်။ ဒါက မသိရင် ဘာစီလိုနာအသင်းအနေနဲ့ ဘောလုံးပွဲတစ်ပွဲ ကစားနေတယ်လို့တောင် မထင်ရပဲ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ လေ့ကျင့်ခန်းဆင်းနေသလို ဖြစ်နေရပါတယ်။

Photo Credit : Getty Images

အဆိုပါပွဲစဉ်အတွင်းမှာ ဘာစီလိုနာကစားသမားတွေထဲ ထူးထူးခြားခြား ခြေစွမ်းပြခဲ့သူတွေထဲမှာ ဝါရင့်ကွင်းလယ်ကစာယးသမားကြီး ဘတ်စ်ကွက်လည်း အပါအဝင်ဖြစ်ခဲ့ကာ ဒီရာသီ သူရဲ့အကောင်းဆုံးပွဲတစ်ပွဲလို့ သတ်မှတ်ရနိုင်လောက်အောင်ကို ခြေစွမ်းပြနိုင်ခဲဲ့ကာ သူတစ်ယောက်တည်းကို ပေးပို့မှုပေါင်း ၁၄၂ကြိမ် ပြုလုပ်ခဲ့ကာ အကြိမ်၁၃၀အထိက အောင်မြင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာရဲ့ကွင်းလယ်ကြောတစ်ခုလုံးကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး ဂရန်နာဒါတစ်သင်းလုံးရဲ့ကြိုးစားအားထုတ်မှုထက်တောင် သာလွန်လို့နေပါတယ်။ ဒါ့အပြင် ဆယ်တီယန်ဟာ လူငယ်ကစားသမားလေး ရစ်ချတ်ပွတ်ကိုလည်း ဒုတိယပိုင်းမှာ ထည့်သွင်းကစားလာခဲ့ပြီး ပွတ်ကတော့ ဆယ်တီယန်လက်အောက်မှာ နေရာဆက်တိုက် ရလာနိုင်ဖွယ်ရှိလို့နေပါတယ်။ ဒီပွဲမှာ ဘာစီလိုနာက ဂရန်နာဒါဘက် ကစားသမားတစ်ယောက် အထုတ်ခံရပြီးနောက်မှ ဂိုးစတင်ရခဲ့တာ ဖြစ်ပေမယ့်လည်း ဘာစီရဲ့သွင်းဂိုးကတော့ ကစားသမား၃ဦးရဲ့ လှပသေသေပ်တဲဲ့ အချိတ်အဆက်ကနေ ရရှိခဲ့တာဖြစ်သလို ပွဲဲချိန်အပြည့် ဘာစီကပဲ လွှမ်းမိုးထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

(Zawgyi)

ဆယ္တီယန္ရဲ႕ပြဲဦးထြက္မွာ ေျပာစမွတ္ျဖစ္ခဲ႔ရတဲ႔ စြမ္းေဆာင္ရည္ေတြနဲ႔ ဘာစီလုိနာ

ဗယ္ဗာဒီနဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ အခ်ိန္တုိေလးအတြင္းမွာပဲ ဘက္တစ္နည္းျပေဟာင္း ဆယ္တီယန္ကုိ အစားထုိးခဲ႔တဲ႔ ဘာစီလုိနာအသင္းဟာ အခု ဆယ္တီယန္ရဲ႕ပြဲဦးထြက္မွာပဲ ဂရန္နာဒါအသင္းကုိ လီယြန္နယ္မက္ဆီရဲ႕တစ္လုံးတည္းေသာ သြင္းဂုိးနဲ႔ အႏုိင္ရရွိခဲ့ၿပီး ဆယ္တီယန္အတြက္လည္း မ်က္ႏွာပန္းလွခဲ႔ပါတယ္။ ရလဒ္အရေတာ့ ဘာစီလုိနာရဲ႕ႏုိင္ပြဲက အားရစရာအေနအထားမွာ ရွိမေနႏုိင္ခဲ့ဘူးဆုိေပမယ့္ ဗယ္ဗာဒီလက္ေအာက္မွာတုန္းက မျမင္ခဲ႔ရတဲ႔ ဘာစီလုိနာကစားဟန္ေတြကုိ ျပန္လည္ျမင္ေတြ႕ခဲ႔ရတာက ဘာစီလုိနာပရိသတ္ေတြအတြက္ ႏွစ္သက္စရာ ျဖစ္ႏုိင္ပါတယ္။

Photo Credit : Getty Images

ဘာစီလုိနာအသင္းက စပိန္လာလီဂါပြဲစဥ္(၂၀)မွာ ဂရန္နာဒါနဲ႔ ကစားခဲ႔တဲ႔ ပထမပုိင္းပြဲစဥ္အတြင္းမွာ ေဘာလုံးပုိင္ဆုိင္မႈက ၈၁.၉%အထိေတာင္ ရွိခဲ႔ရၿပီး ဒါဟာ ယခင္ဘာစီလုိနာအသင္းရဲ႕ ပုံမွန္ကစားဟန္မ်ိဳးကုိ ျပန္လည္ျမင္ေတြ႕ခဲ႔ရတာလုိ႔ဆုိႏုိင္ၿပီး ေဘာလုံးေပးပုိ႔မႈေပါင္း ၅၀၈ႀကိမ္အထိ ႀကိဳးပမ္းခဲ႔ရာမွာ ၄၆၉ႀကိမ္က ေအာင္ျမင္ႏုိင္ခဲ႔ရကာ ေဘာလုံးေပးပုိ႔မႈရဲ႕  ၉၂.၃%အထိကုိ ေအာင္ျမင္ခဲ႔တယ္ဆုိႏုိင္မွာျဖစ္ပါတယ္။ ဒါက မသိရင္ ဘာစီလုိနာအသင္းအေနနဲ႔ ေဘာလုံးပြဲတစ္ပြဲ ကစားေနတယ္လုိ႔ေတာင္ မထင္ရပဲ အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္မွာ ေလ့က်င့္ခန္းဆင္းေနသလုိ ျဖစ္ေနရပါတယ္။

Photo Credit : Getty Images

အဆုိပါပြဲစဥ္အတြင္းမွာ ဘာစီလုိနာကစားသမားေတြထဲ ထူးထူးျခားျခား ေျခစြမ္းျပခဲ႔သူေတြထဲမွာ ဝါရင့္ကြင္းလယ္ကစာယးသမားႀကီး ဘတ္စ္ကြက္လည္း အပါအဝင္ျဖစ္ခဲ႔ကာ ဒီရာသီ သူရဲ႕အေကာင္းဆုံးပြဲတစ္ပြဲလုိ႔ သတ္မွတ္ရႏုိင္ေလာက္ေအာင္ကုိ ေျခစြမ္းျပႏုိင္ခဲဲ႔ကာ သူတစ္ေယာက္တည္းကုိ ေပးပုိ႔မႈေပါင္း ၁၄၂ႀကိမ္ ျပဳလုပ္ခဲ႔ကာ အႀကိမ္၁၃၀အထိက ေအာင္ျမင္ႏုိင္ခဲ႔ပါတယ္။ ဘာစီလုိနာရဲ႕ကြင္းလယ္ေၾကာတစ္ခုလုံးကုိ အေကာင္းဆုံးထိန္းခ်ဳပ္ႏုိင္ခဲ႔ၿပီး ဂရန္နာဒါတစ္သင္းလုံးရဲ႕ႀကိဳးစားအားထုတ္မႈထက္ေတာင္ သာလြန္လုိ႔ေနပါတယ္။ ဒါ့အျပင္ ဆယ္တီယန္ဟာ လူငယ္ကစားသမားေလး ရစ္ခ်တ္ပြတ္ကုိလည္း ဒုတိယပုိင္းမွာ ထည့္သြင္းကစားလာခဲ႔ၿပီး ပြတ္ကေတာ့ ဆယ္တီယန္လက္ေအာက္မွာ ေနရာဆက္တုိက္ ရလာႏုိင္ဖြယ္ရွိလုိ႔ေနပါတယ္။ ဒီပြဲမွာ ဘာစီလုိနာက ဂရန္နာဒါဘက္ ကစားသမားတစ္ေယာက္ အထုတ္ခံရၿပီးေနာက္မွ ဂုိးစတင္ရခဲ႔တာ ျဖစ္ေပမယ့္လည္း ဘာစီရဲ႕သြင္းဂုိးကေတာ့ ကစားသမား၃ဦးရဲ႕ လွပေသေသပ္တဲဲ႔ အခ်ိတ္အဆက္ကေန ရရွိခဲ႔တာျဖစ္သလုိ ပဲြဲခ်ိန္အျပည့္ ဘာစီကပဲ လႊမ္းမုိးထားႏုိင္ခဲ႔တာပဲျဖစ္ပါတယ္။