မကြာသေးခင်ကမှ ဗယ်ဗာဒီကို ထုတ်ပယ်ခဲ့ပြီးနောက် ဘောလုံးပရိသတ်တွေနဲ့ သိပ်ရင်းနှီးမှုမရှိတဲ့ နည်းပြဆယ်တီယန်ကို ခန့်အပ်ခဲ့တဲ့ ဘာစီလိုနာအသင်းက ဒီရာသီရဲ့ဒုတိယရာသီဝက်အစအဖြစ်နဲ့ ပထမအကျော့မှာ သူတို့အသင်းကို ဂိုးပြတ်အနိုင်ယူထားခဲ့တဲ့ ဂရန်နာဒါအသင်းနဲ့ ယှဉ်ပြိုင်ကစာခဲ့ပြီး မက်ဆီရဲ့ဒုတိယပိုင်းအတွင်း သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရယူသွားခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်ဘာစီလိုနာအသင်းက ဆယ်တီယန်ရဲ့ပွဲဦးထွက်မှာလည်း ၄-၃-၃နဲ့သာ ပွဲထွက်လာခဲ့ပြီး ဆွာရက်ဇ်ဒဏ်ရာရနေခဲ့လို့ အန်ဆုဖာတီကို တိုက်စစ်မှာ မက်ဆီ ဂရစ်ဇ်မန်းတို့နဲ့အတူ ပါဝင်လာခဲ့ကာ ကွင်းလယ်မှာတော့ ဗီဒယ် ရာကီတစ် ဘူးစကတ် ခံစစ်မှာ ရောဘတ်တို ပီကေး အမ်တီတီ အယ်ဘာ ဂိုးသမားအဖြစ် တာစတီဂျန်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ဘောလုံးဒသာနာတွေနဲ့ ရင်းနှီးကျွမ်းဝင်နေသူလို့ သတ်မှတ်ထားခံရတဲ့ ဆယ်တီယန်ရဲ့လက်အောက်မှာ ဘာစီလိုနာကစားဟန်တွေကို ပြန်လည်မြင်တွေ့လာရသလို ပထမပိုင်းမှာပဲ ဂရန်နာဒါကို ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးရအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခက်တာက အဆုံးသတ်ပိုင်း အားနည်းမှုကြောင့် ပထမပိုင်းမှာ ဂိုးရခြင်းမရှိပဲ မက်ဆီ ဖာတီတို့ရဲ့ကန်ချက်တွေကို ဂရန်နာဒါ ဂိုးသမားဘက်က ကာကွယ်နိုင်ခဲ့သလို ဂရန်နာဒါခံစစ်ကလည်း ဘာစီလိုနာတိုက်စစ်ရဲ့ ဂိုးကန်ချက်တွေကို ဟန့်တားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်အတွင်းမှာပဲ ဘာစီလိုနာအသင်းက အဖွင့်ဂိုးရဖို့အတွက် ဆက်တိုက်ဖိအားပေးခဲ့ပေမယ့်လည်း ဂိုးရဖို့ကတော့ ရုန်းကန်နေခဲ့ရပြီး ပထမပိုင်းအတွင်း ဘာမှမလုပ်ဆောင်နိုင်ခဲ့တဲ့ ဂရန်နာဒါအသင်းရဲ့ ဒုတိယပိုင်း ကောင်တာတိုက်စစ်ကစားဟန်ကတောင် ဘာစီခံစစ်အတွက် အန္တရာယ်များစေခဲ့ရပါတယ်။ ဒါပေမယ့် ၆၉မိနစ်မှာပဲ ဂရန်နာဒါဘက်ကနေ နောက်ခံလူဆန်းချက်ဇ် ၂ဝါ၁နီနဲ့ အထုတ်ပယ်ခံရပြီးတဲ့နောက်မှာ ကစားသမားတစ်ယောက်သာသွားခဲ့တဲ့ ဘာစီလိုနာအသင်းက တိုက်စစ်အရှိန်ပိုမြင့်လာခဲ့ပြီး ရ၆မိနစ်မှာပဲ မက်ဆီက ဗီဒယ် ဂရစ်ဇ်မန်း မက်ဆီတွဲလုံးကနေတစ်ဆင့် ဦးဆောင်ဂိုးကို လှပတဲ့ အပေးအယူကနေတစ်ဆင့် စတင်သွင်းယူခဲ့ပါတယ်။ တစ်ဂိုးလည်းရ တစ်ယောက်လည်းသာနေချိန်မှာ အဲ့ဒီရလဒ်ကိုပဲ ထိန်းကစားရင်းနဲ့ ပထမအကျော့ရှံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။

(Unicode)

ဆယ္တီယန္ရဲ႕ပြဲဦးထြက္မွာ မက္ဆီရဲ႕သြင္းဂုိးနဲ႔ ႏုိင္ပြဲျပန္လည္ရယူခဲ႔တဲ႔ ဘာစီလုိနာ

မၾကာေသးခင္ကမွ ဗယ္ဗာဒီကုိ ထုတ္ပယ္ခဲ့ၿပီးေနာက္ ေဘာလုံးပရိသတ္ေတြနဲ႔ သိပ္ရင္းႏီွးမႈမရွိတဲ႔ နည္းျပဆယ္တီယန္ကုိ ခန္႔အပ္ခဲ႔တဲ႔ ဘာစီလုိနာအသင္းက ဒီရာသီရဲ႕ဒုတိယရာသီဝက္အစအျဖစ္နဲ႔ ပထမအေက်ာ့မွာ သူတုိ႔အသင္းကုိ ဂုိးျပတ္အႏုိင္ယူထားခဲ႔တဲ႔ ဂရန္နာဒါအသင္းနဲ႔ ယွဥ္ၿပိဳင္ကစာခဲ႔ၿပီး မက္ဆီရဲ႕ဒုတိယပုိင္းအတြင္း သြင္းယူခဲ႔တဲ႔ တစ္လုံးတည္းေသာသြင္းဂုိးနဲ႔ အႏုိင္ရယူသြားခဲ႔ပါတယ္။

Photo Credit : Getty Images

အိမ္ရွင္ဘာစီလုိနာအသင္းက ဆယ္တီယန္ရဲ႕ပြဲဦးထြက္မွာလည္း ၄-၃-၃နဲ႔သာ ပြဲထြက္လာခဲ႔ၿပီး ဆြာရက္ဇ္ဒဏ္ရာရေနခဲ႔လုိ႔ အန္ဆုဖာတီကုိ တုိက္စစ္မွာ မက္ဆီ ဂရစ္ဇ္မန္းတုိ႔နဲ႔အတူ ပါဝင္လာခဲ့ကာ ကြင္းလယ္မွာေတာ့ ဗီဒယ္ ရာကီတစ္ ဘူးစကတ္ ခံစစ္မွာ ေရာဘတ္တုိ ပီေကး အမ္တီတီ အယ္ဘာ ဂုိးသမားအျဖစ္ တာစတီဂ်န္တုိ႔ကုိ အသုံးျပဳလာခဲ႔ပါတယ္။ ဘာစီလုိနာအသင္းရဲ႕ေဘာလုံးဒသာနာေတြနဲ႔ ရင္းႏွီးကြ်မ္းဝင္ေနသူလုိ႔ သတ္မွတ္ထားခံရတဲ႔ ဆယ္တီယန္ရဲ႕လက္ေအာက္မွာ ဘာစီလုိနာကစားဟန္ေတြကုိ ျပန္လည္ျမင္ေတြ႕လာရသလုိ ပထမပုိင္းမွာပဲ ဂရန္နာဒါကုိ ေဘာလုံးပုိင္ဆုိင္မႈ အျပတ္အသတ္ အသာစီးရေအာင္ ကစားႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္ ခက္တာက အဆုံးသတ္ပုိင္း အားနည္းမႈေၾကာင့္ ပထမပုိင္းမွာ ဂုိးရျခင္းမရွိပဲ မက္ဆီ ဖာတီတုိ႔ရဲ႕ကန္ခ်က္ေတြကုိ ဂရန္နာဒါ ဂုိးသမားဘက္က ကာကြယ္ႏုိင္ခဲ႔သလုိ ဂရန္နာဒါခံစစ္ကလည္း ဘာစီလုိနာတုိက္စစ္ရဲ႕ ဂုိးကန္ခ်က္ေတြကုိ ဟန္႔တားႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္း ျပန္လည္စတင္ခ်ိန္အတြင္းမွာပဲ ဘာစီလုိနာအသင္းက အဖြင့္ဂုိးရဖုိ႔အတြက္ ဆက္တုိက္ဖိအားေပးခဲ႔ေပမယ့္လည္း ဂုိးရဖုိ႔ကေတာ့ ရုန္းကန္ေနခဲ႔ရၿပီး ပထမပုိင္းအတြင္း ဘာမွမလုပ္ေဆာင္ႏုိင္ခဲ့တဲ႔ ဂရန္နာဒါအသင္းရဲ႕ ဒုတိယပုိင္း ေကာင္တာတုိက္စစ္ကစားဟန္ကေတာင္ ဘာစီခံစစ္အတြက္ အႏၱရာယ္မ်ားေစခဲ႔ရပါတယ္။ ဒါေပမယ့္ ၆၉မိနစ္မွာပဲ ဂရန္နာဒါဘက္ကေန ေနာက္ခံလူဆန္းခ်က္ဇ္ ၂ဝါ၁နီနဲ႔ အထုတ္ပယ္ခံရၿပီးတဲ႔ေနာက္မွာ ကစားသမားတစ္ေယာက္သာသြားခဲ့တဲ႔ ဘာစီလုိနာအသင္းက တုိက္စစ္အရွိန္ပုိျမင့္လာခဲ႔ၿပီး ၇၆မိနစ္မွာပဲ မက္ဆီက ဗီဒယ္ ဂရစ္ဇ္မန္း မက္ဆီတြဲလုံးကေနတစ္ဆင့္ ဦးေဆာင္ဂုိးကုိ လွပတဲ႔ အေပးအယူကေနတစ္ဆင့္ စတင္သြင္းယူခဲ႔ပါတယ္။ တစ္ဂုိးလည္းရ တစ္ေယာက္လည္းသာေနခ်ိန္မွာ အဲ႔ဒီရလဒ္ကုိပဲ ထိန္းကစားရင္းနဲ႔ ပထမအေက်ာ့ရွံးေၾကြးကုိ ျပန္ဆပ္ႏုိင္ခဲ႔ပါတယ္။