စပိန်လာလီဂါ ချန်ပီယံဆုနဲ့ လွဲချော်လိုက်ရပြီး ဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရတဲ့ ဘာစီလိုနာအသင်းကတော့ ဒီနေ့ညမှာ ဒီရာသီ လာလီဂါရဲ့ရာသီအပိတ်ပွဲစဉ်အဖြစ် အမှတ်ပေးဇယားအောက်နားက အလာဗက်စ်အသင်နဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့ရပြီး တိုက်စစ်ပေါက်ကွဲမှုတွေနဲ့ ဘာစီလိုနာက အလာဗက်စ်ကို (၅)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဘာစီလိုနာအသင်းကတော့ တစ်ရာသီလုံး အသုံးပြုနေခဲ့တဲ့ ၄-၃-၃ ကစားကွက်နဲ့အတူ ပွဲပယ်ပြစ်ဒဏ်စေ့သွားခဲ့တဲ့ ဖာတီ မက်ဆီ ဆွာရက်ဇ် ရစ်ကီပွတ် ဘူးစကတ်စ် ဗီဒယ် အယ်ဘာ လွန်းဂလတ် အာရဂျို ရောဘတ်တိုနဲ့ ဂိုးသမားနေရာ နက်တိုကို အသုံးပြုသွားခဲ့ပါတယ်။ အလာဗက်စ်အသင်းဘက်မှာတော့ ပီရက်ဇ် ဟိုဆေးလူ ကာမာရာစာ မန်ဒက်ဇ် မာရင် ဂျီမီနက်ဇ်တို့လို အဓိက ကစားသမားတွေ ပါဝင်ကစားသွားခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ နူးကမ့်ကရှံးပွဲအတွက် တိုက်စစ်ကို ပေါက်ကွဲလာခဲ့ရာ (၂၄)မိနစ်မှာပဲ မက်ဆီရဲ့ဖန်တီးမှုကနေ ဖာတီက အဖွင့်ဂိုးရခဲ့ပြီး ဆယ်မိနစ်အကြာမှာ မက်ဆီကိုယ်တိုင် ဒုတိယဂိုး ဆက်လက်သွင်းယူခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ဆွာရက်ဇ်က တတိယဂိုးကို သွင်းယူခဲ့ပါသေးတယ်။

Photo Credit : Getty Image

ဒုုတိယပိုင်း မိနစ်(၅၀)မှာ လွန်းဂလတ်နေရာ ဆီမီဒိုဝင်ရောက်လာခဲ့ပြီး (၇)မိနစ်အကြာမှာတော့ ဆီမီဒိုကပဲ ဘာစီလိုနာအတွက် စတုတ္ထဂိုးကို သွင်းယူခဲ့ပါတယ်။ (၇၅)မိနစ်အရောက်မှာ ဘယ်နောက်ခံလူအယ်ဘာရဲ့ ဖြတ်တင်ပေးပို့မှုကနေ မက်ဆီက ဒီရာသီရဲ့လာလီဂါ(၂၅)ဂိုးမြောက်ကို သွင်းယူခဲ့ပြီး လာလီဂါဂိုးသွင်းဘုရင်ဆုအတွက် လုံးဝအခြေအနေကောင်းသွားခဲ့ပါတယ်။