ဘာစီလိုနာ ကွင်းလယ်လူ ဗီဒယ်လ်ကတော့ ယနေ့ည၊ သောကြာည၊ စနေနေ့ နံနက်၊ (၁း၃၀) အချိန်မှာ အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားသွားမယ့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်မှာ ဘာစီလိုနာအသင်းက ကမ္ဘာ့ အကောင်းဆုံး ဆိုတာကို ပြပေးပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ကွင်းလယ်လူ ဗီဒယ်လ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ (၄) နှစ်ကြာ ကစားခဲ့ပြီးနောက် လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာ ဘာစီလိုနာအသင်းကို အပြီးသတ် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ဒီညမှာတော့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပြန်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းဟာ နာပိုလီအသင်းကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် အဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် အဆင့်ကို တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်အသင်းဟာ လက်ရှိရာသီမှာ ပြည်တွင်းဖလား ဘွန်ဒက်စ်လီဂါ ဖလားကို ရရှိခဲ့ပေမဲ့လည်း ဘာစီလိုနာအသင်းကတော့ ပြည်တွင်းဖလား လာလီဂါ ဖလားကို မရရှိနိုင်ခဲ့တာ ဖြစ်ပြီး အသင်းရဲ့ကွင်းလယ်လူ ဗီဒယ်လ်ကတော့ ဘိုင်ယန်အသင်းကို အနိုင်ကစားဖို့ မျှော်လင့်နေပါတယ်။

Photo Credit: Goal

ဗီဒယ်လ်က “ကျွန်တော် ကြားရတာတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော် အာရုံစစိုက်ဖြစ်ပါဘူး။ ကျွန်တော် ဘိုင်ယန်ကစားသမားတွေကို သိပြီး အပြင်မှာ ပြောနေကြာတာတွေက မဟုတ်တဲ့ အရာတွေပါ။ ဒီနေ့ညမှာ သူတို့က ဘွန်ဒက်စ်လီဂါအသင်းနဲ့ ကစားသွားရမှာ မဟုတ်ဘဲ ကမ္ဘာ့ အကောင်းဆုံးအသင်း ဘာစီလိုနာအသင်းနဲ့ ကစားသွားရမှာပါ။ ပရိသတ်တွေက သံသယရာ ဖြစ်နေတာကို ကျွန်တော် နားလည်ပါတယ်။ လိဂ်ပြိုင်ပွဲမှာ ကျွန်တော်တို့ မကောင်းခဲ့ကြပါဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့ ရှုံးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ မက်ဆီ နဲ့ အခြားသော ကစားသမားကောင်းတွေ ရှိပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က အကောင်းဆုံး အသင်းပါလို့ ပြောပြီး အကောင်းဆုံးအသင်း ဖြစ်တာကို ဒီည သက်သေပြသွားပါမယ်”လို့ ပြောသွားပါတယ်။