MySport Myanmar

ဘရိုက်တန် တောင်ပံကစားသမား မိတိုမာကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ နာမည်ကြီးနေတဲ့ ဘရိုက်တန်အသင်းရဲ့ ဂျပန် တောင်ပံကစားသမား မိတိုမာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် ဂျပန်လက်ရွေးစင် တောင်ပံကစားသမား မိတိုမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘရိုက်တန်အသင်းအတွက် စတင် ကစားပေးခွင့် ရရှိရင်း သူရဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့လို့ ကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Barca Blaugranes

ဘယ်တောင်ပံ ကစားသမား မိတိုမာဟာ ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်အတွက် ပြိုင်ပွဲစုံ (၄၄)ပွဲအထိ ပါဝင်ကစားခဲ့ရင်း (၁၀)ဂိုး သွင်းယူပေးနိုင်ခဲ့သလို အသင်းကိုလည်း ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင်ပါ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း ဘရိုက်တန်အတွက် အကောင်းဆုံး ခြေစွမ်းပြထားတဲ့ မိတိုမာကို ပရီးမီးယားလိဂ် မန်စီးတီး လီဗာပူးလ် မန်ယူနိုက်တက်တို့အပြင် လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းကပါ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Eurosport

ဘယ်တောင်ပံ နဲ့ ကွင်းလယ် (၃)ယောက်တန်းရဲ့ ဘယ်ခြမ်းနေရာအထိပါ ကစားနိုင်ပြီး တောင်ပံကနေ အတွင်းကို ထိုးဖောက် ဝင်ရောက်တဲ့ နေရာမှာ ထူးချွန်သူဖြစ်တဲ့ မိတိုမာကို ဘောလုံးသမားတိုင်းရဲ့ အိမ်မက်အသင်းကြီးဖြစ်တဲ့ ဘာစီလိုနာက စိတ်ဝင်စားလျက် ရှိနေပါတယ်။

ဘာစီလိုနာအသင်းရဲ့ တောင်ပံတိုက်စစ် နေရာတွေမှာ ဂျာအိုဖီးလစ် ရာဖင်ဟာ ဖယ်ရန်တောရက်စ် နဲ့ လူငယ် ကစားသမားလေး ယာမယ်လ်တို့ ရှိနေပေမယ့် ဖီးလစ် တစ်ဦးတည်းသာ ဘယ်ခြမ်းမှာ ကစားနေတာ ဖြစ်ပြီး တကယ်လို့ ဘာစီလိုနာကသာ ဖီးလစ်ကို အသက်လက်တီကိုကနေ အပြီးသတ် မခေါ်နိုင်ခဲ့ဘူးဆိုရင် မိတိုမာက ဘာစီလိုနာအတွက် option တစ်ခု ဖြစ်လာနိုင်ပါတယ်။

Exit mobile version