ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကိုပါအီတလီယာရှံးထွက်ဖလားပွဲအပြင် စပိန်ဘက်မှာလည်း ကိုပါဒယ်ရေးဖလား ၃၂သင်းအဆင့် ရှံးထွက်ပွဲစဉ်ကို ကျင်းပနေတာဖြစ်ပြီး လာလီဂါရဲ့ထိပ်သီးအသင်းများဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေက အဝေးကွင်းမှာ ဆီဂန်ဒါက အသင်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ကစားခဲ့ပြီး နိုင်ပွဲတွေရယူကာ နောက်တစ်ဆင့်တွေကို အသီးသီးတတ်ရောက်ခဲ့ပါတယ်။

Photo Credit : Getty Images

ဘာစီလိုနာအသင်းကတော့ ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ ၃၂သင်းရှံးထွက်အဆင့်ပွဲစဉ်မှာ ဆီဂန်ဒါ(B)ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်လို့နေတဲ့ အီဘီဇာအသင်းနဲ့ ရင်ဆိုင်ခဲ့ပြီး ဂရစ်ဇ်မန်း ဒီဂျောင် ရာကီတစ် လွန်းဂ်လတ် ဆယ်မီဒိုတို့ကလွဲရင် အရန်နဲ့ လူငယ်ကစားသမားတွေကိုသာ သုံးစွဲလာခဲ့ပါတယ်။ လူမစုံတဲ့ ဘာစီလိုနာကို အိမ်ရှင်အီဘီဇာက ၉မိနစ်မှာကတည်းက စတင်ဦးဆောင်ခဲ့တာဖြစ်ပြီး ဒီဂိုးကို ရ၂မိနစ်ရောက်မှ ပြန်လည်ချေပနိုင်ခဲ့ကာ နာကျင်အချိန်ပိုမှ အနိုင်ဂိုးပါ ဆက်တိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂိုးနှစ်ဂိုးလုံးကိုတော့ ဂရစ်ဇ်မန်းတစ်ဦးတည်းကသာ သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဘာစီလိုနာမဟုတ်ပဲ ဘန်ဇီမာ ဗယ်ဗာဒီ ကတ်စ်မဲလ်ရိုး မာဆယ်လို ကာဗယ်ဟယ်တို့လို ပုံမှန်အသုံးပြုနေကြ ကစားသမားတွေနဲ့အတူ ဘေးလ် ရိုဒရီဂွက်ဇ် အာရီလိုအာ ဗင်နီဆီယပ်စ် နာချိုတို့လို အရန်ကစားသမားတွေနဲ့ တွဲဖက်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်အူနီးယန်းစတက်စ်အသင်းကလည်း ရီးရဲလ်ကို လုံးဝရှိန်မနေပဲနဲ့ အပြန်အလှန်ထိုးဖောက်ကစားခဲ့ပါတယ်။ ပွဲချိန် ၁၈မိနစ်မှာ ဘေးလ်က ဦးဆောင်ဂိုးစတင်သွင်းယူပေးခဲ့မယ့် မိုရီလိုက ဒုတိယပိုင်းမှာ အိမ်ရှင်အတွက် ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်ရဲ့တိုက်စစ်ကို မတောင့်ထားနိုင်တော့တာကြောင့် ၆၂မိနစ်မှာ Own Goal နဲ့ နာကျင်အချိန်ပိုမှာ ဘရာဟင်ဒီယက်ဇ်က ပွဲသိမ်းဂိုးသွင်းယူပြီး နောက်တစ်ဆင့်တတ်လှမ်းခဲ့ပါတယ်။ ကိုပါဒယ်ရေးရဲ့လက်ရှိချန်ပီယံ ဗလင်စီယာကလည်း လိုဂရိုညက်စ်အသင်းကို ၁ဂိုးတည်းနဲ့ ကပ်အနိုင်ရခဲ့ပါတယ်။

(Zawgyi)

က်ဥ္းေျမာင္းတဲ႔ရလဒ္နဲ႔ ႏုိင္ပြဲရခဲ့တဲ႔ ဘာစီ ထင္သေလာက္ဂုိးမျပတ္ခဲ႔တဲ႔ ရီးရဲလ္မက္ရစ္

ဒီေန႔ညမွာေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ကုိပါအီတလီယာရွံးထြက္ဖလားပြဲအျပင္ စပိန္ဘက္မွာလည္း ကုိပါဒယ္ေရးဖလား ၃၂သင္းအဆင့္ ရွံးထြက္ပြဲစဥ္ကုိ က်င္းပေနတာျဖစ္ၿပီး လာလီဂါရဲ႕ထိပ္သီးအသင္းမ်ားျဖစ္တဲ႔ ဘာစီလုိနာနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြက အေဝးကြင္းမွာ ဆီဂန္ဒါက အသင္းေတြနဲ႔ ထိပ္တုိက္ရင္ဆုိင္ကစားခဲ႔ၿပီး ႏုိင္ပြဲေတြရယူကာ ေနာက္တစ္ဆင့္ေတြကုိ အသီးသီးတတ္ေရာက္ခဲ့ပါတယ္။

Photo Credit : Getty Images

ဘာစီလုိနာအသင္းကေတာ့ ကုိပါဒယ္ေရးၿပိဳင္ပြဲရဲ႕ ၃၂သင္းရွံးထြက္အဆင့္ပြဲစဥ္မွာ ဆီဂန္ဒါ(B)ရဲ႕ ထိပ္ဆုံးေနရာမွာ ရပ္တည္လုိ႔ေနတဲ႔ အီဘီဇာအသင္းနဲ႔ ရင္ဆုိင္ခဲ႔ၿပီး ဂရစ္ဇ္မန္း ဒီေဂ်ာင္ ရာကီတစ္ လြန္းဂ္လတ္ ဆယ္မီဒုိတုိ႔ကလြဲရင္ အရန္နဲ႔ လူငယ္ကစားသမားေတြကုိသာ သုံးစြဲလာခဲ႔ပါတယ္။ လူမစုံတဲ႔ ဘာစီလုိနာကုိ အိမ္ရွင္အီဘီဇာက ၉မိနစ္မွာကတည္းက စတင္ဦးေဆာင္ခဲ႔တာျဖစ္ၿပီး ဒီဂုိးကုိ ၇၂မိနစ္ေရာက္မွ ျပန္လည္ေခ်ပႏုိင္ခဲ႔ကာ နာက်င္အခ်ိန္ပုိမွ အႏုိင္ဂုိးပါ ဆက္တုိက္သြင္းယူႏုိင္ခဲ႔တာျဖစ္ပါတယ္။ ဂုိးႏွစ္ဂုိးလုံးကုိေတာ့ ဂရစ္ဇ္မန္းတစ္ဦးတည္းကသာ သြင္းယူခဲ႔တာျဖစ္ပါတယ္။

Photo Credit : Getty Images

ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ ဘာစီလုိနာမဟုတ္ပဲ ဘန္ဇီမာ ဗယ္ဗာဒီ ကတ္စ္မဲလ္ရုိး မာဆယ္လုိ ကာဗယ္ဟယ္တုိ႔လုိ ပုံမွန္အသုံးျပဳေနၾက ကစားသမားေတြနဲ႔အတူ ေဘးလ္ ရုိဒရီဂြက္ဇ္ အာရီလုိအာ ဗင္နီဆီယပ္စ္ နာခ်ိဳတုိ႔လုိ အရန္ကစားသမားေတြနဲ႔ တြဲဖက္အသုံးျပဳလာခဲ႔တာျဖစ္ပါတယ္။ အိမ္ရွင္အူနီးယန္းစတက္စ္အသင္းကလည္း ရီးရဲလ္ကုိ လုံးဝရွိန္မေနပဲနဲ႔ အျပန္အလွန္ထုိးေဖာက္ကစားခဲ႔ပါတယ္။ ပြဲခ်ိန္ ၁၈မိနစ္မွာ ေဘးလ္က ဦးေဆာင္ဂုိးစတင္သြင္းယူေပးခဲ႔မယ့္ မုိရီလုိက ဒုတိယပုိင္းမွာ အိမ္ရွင္အတြက္ ျပန္လည္ေခ်ပႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္လည္း ရီးရဲလ္ရဲ႕တုိက္စစ္ကုိ မေတာင့္ထားႏုိင္ေတာ့တာေၾကာင့္ ၆၂မိနစ္မွာ Own Goal နဲ႔ နာက်င္အခ်ိန္ပုိမွာ ဘရာဟင္ဒီယက္ဇ္က ပြဲသိမ္းဂုိးသြင္းယူၿပီး ေနာက္တစ္ဆင့္တတ္လွမ္းခဲ႔ပါတယ္။ ကုိပါဒယ္ေရးရဲ႕လက္ရွိခ်န္ပီယံ ဗလင္စီယာကလည္း လုိဂရုိညက္စ္အသင္းကုိ ၁ဂုိးတည္းနဲ႔ ကပ္အႏုိင္ရခဲ႔ပါတယ္။