ဒီတစ်ပတ် စပိန်လာလီဂါပွဲစဉ်(၃၃)ရဲ့ အကောင်းဆုံးသောပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတိုရဲ့ နူးကမ့်ကွင်းအတွင်း အားပြိုင်ပွဲကတော့ ပရိသတ်ထင်မှတ်ထားတဲ့အတိုင်း အရမ်းကို အကြိတ်အနယ်ရှိခဲ့ပြီး တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဘာစီလိုနာအသင်းက မက်ဆီ ဆွာရက်ဇ် ရစ်ကီပွတ် ဗီဒယ် ဘူးစကတ်စ် ရာကီတစ် ပီကေး ဆီမီဒို အယ်ဘာ လွန်းဂ်လတ် တာစတီဂန်တို့နဲ့ ပွဲထွက်လာခဲ့ပြီး အသက်လက်တီကိုကတော့ ပုံမှန်အသုံးပြုနေကြ ၄-၄-၂ ကစားကွက်ကိုမှ ဒီယေဂိုကော်စတာ လော်ရန်တေး ကာရက်စ်ကို ဆာအူး ပါတေး ကော်ရီရာ လိုဒီ ဖီလစ်ပီ ဂျီမီနက်ဇ် အာရီယက်စ်နဲ့ အော့ဘလက် သုံးစွဲလာခဲ့ပါတယ်။ နူးကမ့်မှာဆို အသက်လက်တီကိုအသင်းကို အသာစီးရယူတတ်လေ့ရှိတဲ့ ဘာစီလိုနာက ပွဲအစ(၁၁)မိနစ်မှာပဲ ဘာစီလိုနာတို့ ဦးဆောင်ဂိုးစတင်ပိုင်ဆိုင်ခဲ့ပြီး ကော်စတာက ထောင့်ကန်ဘောကို ရှင်းထုတ်ရာကနေ သူနဲ့ထိပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ ကော်စတာက သူ့ကိုအဖက်ပြန်ဆည်နိုင်မယ့် အခွင့်အရေးကို (၁၆)မိနစ်မှာ ပိုင်ဆိုင်ခဲ့ပေမယ့် သူရဲ့ပင်နယ်တီကန်ချက်ကို စတီဂန်က ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စတီဂန်က ပင်နယ်တီကို ကာကွယ်စဉ်အတွင်း ခြေထောကို ဂိုးစည်းပေါ်ကနေ ရွှေ့လျားခဲ့လို့ ကွင်းလယ်ဒိုင်က ပင်နယ်တီကို ပြန်ကန်ခိုင်းခဲ့ပြီး ဆာအူးပြန်လည်ကန်သွင်းရမှာ ချေပဂိုးကို ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပြန်စပြီး (၅)မိနစ်အတွင်းမှာပဲ ဘာစီလိုနာအသင်းက ပင်နယ်တီကန်ခွင့်ရရှိခဲ့လို့ အသင်းခေါင်းဆောင်မက်ဆီက အမှားအယွင်းမရှိသွင်းယူပြီး အသင်းကို ဦးဆောင်စေခဲ့သလို သူ့အတွက် ကစားသမားဘဝ ဂိုးပေါင်း(၇၀၀)လည်း ပြည့်မြောက်သွားခဲ့ရပါတယ်။ ဒါပေမယ့် (၆၂)မိနစ်မှာ အသက်လက်တီကိုအသင်းဘက်က ပင်နယ်တီထပ်မံရရှိခဲ့ပြန်ပြီး ဆာအူးကပဲ ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ နောက်ပိုင်းပွဲကစားချိန်တွေအတွင်းမှာ ဘာစီလိုနာက ပိုမိုဖိအားပေးခဲ့ပေမယ့် သွင်းဂိုးရဖို့ ခက်ခဲနေခဲ့ရကာ သရေပွဲနဲ့ပဲ အဆုံးသတ်ခဲ့ပြီး ဘာစီလည်း အမှတ်ထပ်လျော့သွားခဲ့ရပါတယ်။