အာဆင်နယ် နည်းပြ အာတီတာဟာ ဘရိုက်တန်အသင်းကို (၂-၁) ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် နောက်ပိုင်း အသင်းရဲ့ ကွင်းလယ်လူ ဂွမ်ဒူဇီကို လုံးဝ မသုံးခဲ့တော့တာ ဖြစ်ပြီး ကော်တင်ဟိုနဲ့ အလဲအလှယ် ပြုလုပ်နိုင်ဖို့ ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးနေပါတယ်။ ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာ ကော်တင်ဟိုကို လီဗာပူးလ်အသင်းကနေ စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း ခြေစွမ်းပြမကစားနိုင်ခဲ့တာကြောင့် လက်ရှိရာသီမှာတော့ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက ဘိုင်ယန်အသင်းကို အငှားချထားခဲ့ပါတယ်။

Photo Credit: Marca

ကော်တင်ဟိုဟာ ဘိုင်ယန်မြူးနစ်အသင်းကို အငှားနဲ့ သွားရောက်မကစားခင်မှာ ဘာစီလိုနာ အသင်းအတွက် (၂) ရာသီ ကစားခဲ့ပြီး ဘာစီလိုနာအသင်းအတွက် (၂) ရာသီ ကစားခဲ့စဉ်က ပြိုင်ပွဲစုံ ပွဲစဉ် (၇၆) ပွဲ ကစားထားရာမှာ သွင်းဂိုး (၂၁) ဂိုးအထိသာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ကော်တင်ဟိုဟာ လက်ရှိရာသီမှာတော့ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက ဘိုင်ယန်အသင်းမှာ အငှားနဲ့ ကစားနေလျက် ဖြစ်ပြီး လက်ရှိရာသီမှာ ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၄) ပွဲအထိ ကစားထားရာမှာ သွင်းဂိုး (၉) ဂိုး သွင်းယူခဲ့ပြီး ဘွန်ဒက်စ်လီဂါ ဆုဖလားကိုပါ ရရှိနိုင်ခဲ့ပါတယ်။

Photo Credit: Marca

နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်လူ ဂွမ်ဒူဇီကို ဘာစီလိုနာ အသင်းရဲ့ ကြယ်ပွင့် ကော်တင်ဟိုနဲ့ အလဲအလှယ် ပြုလုပ်ချင်နေပြီး ကွင်းလယ်လူ ဂွမ်ဒူဇီကို ရီးရဲလ်အသင်း၊ အင်တာမီလန်အသင်း နဲ့ ပီအက်စ်ဂျီအသင်းတို့ကလည်း စိတ်ဝင်စားကြပါတယ်။ တောင်ပံ ကစားသမား ကော်တင်ဟိုဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အငှား စာချုပ် ကုန်သွားပြီ ဆိုရင် ဘာစီလိုနာအသင်းကို ပြန်လာမှာ ဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ ကော်တင်ဟိုကို အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဂွမ်ဒူဇီနဲ့ အလဲအလှယ် ပြုလုပ်သွားဖွယ် ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူ အာသာကို ဂျုဗင်တပ်အသင်းရဲ့ ကွင်းလယ်လူ ပီဂျာနစ်နဲ့ အလဲအလှယ် ပြုလုပ်ပြီးနောက် ကွင်းလယ်လူ နောက်ထပ် တစ်ယောက်ကို ခေါ်ယူချင်နေတာ ဖြစ်ပြီး ကော်တင်ဟိုကို အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဂွမ်ဒူဇီနဲ့ လဲလှယ်သွားနိုင်ပါတယ်။