စပိန္အင္အားႀကီးအသင္းတစ္သင္းျဖစ္တဲ့ ဘာစီလိုနာအသင္းကေတာ့ အသင္းရဲ့ အဓိက တိုက္စစ္မွူး ဆြာရက္ဇ္တစ္ေယာက္ ရာသီကုန္ အထိ အနားယူရဖို႔ရွိေနတာေၾကာင့္ လက္ရွိ အေျပာင္းအေရႊ႕မွာ တိုက္စစ္ကစားသမားေတြကို ေခၚယူဖို႔အတြက္ ႀကိဳးစားေနေပမယ့္ ယခု အခ်ိန္အထိ အရာေရာက္ ေအာင္ျမင္ျခင္းေတာ့ မရွိပါဘူး။

Photo Credit: Marca.com

မိုနာကိုအသင္းရဲ့ ဘန္ယီဒါ ၊ ဗလင္စီယာရဲ့ ရိုဒရီဂိုတို႔ကို ေခၚယူဖို႔အတြက္ ခ်ိတ္ဆက္မွုေတြ ျပဳလုပ္ခဲ့ေပမယ့္ ေအာင္ျမင္မွုမရခဲ့တာေၾကာင့္ ဘာစီလိုနာအသင္းဟာ တိုက္စစ္မွူးစစ္စစ္ တစ္ဦးထက္ တိုက္စစ္အားသန္ ကစားသမားေတြကို ေျပာင္းလဲကာ ပစ္မွတ္ထားေနၿပီး လက္ရွိမွာေတာ့ ခ်ယ္လ္ဆီးအသင္းရဲ့ ေတာင္ပံ ကစားသမား ဝီလီယံကို ေခၚယူဖို႔အတြက္ ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။

Photo Credit: Marca.com

ဝီလီယံဟာ ဘာစီလိုနာအသင္းရဲ့ ကာလရွည္ ပစ္မွတ္ကစားသမားတစ္ဦးျဖစ္ၿပီး အေျပာင္းအေရႊ႕ရာသီေရာက္တိုင္း ဘာစီလိုနာနဲ႔ သတင္း ထြက္ေပၚေလ့ရွိသူျဖစ္ကာ စပိန္အေျခစိုက္ သတင္းဌာနေတြကေတာ့ ဘာစီလိုနာအသင္းဟာ ဝီလီယံကို အမွန္တကယ္ ကမ္းလွမ္းထားတာျဖစ္ေၾကာင္း အတည္ျပဳေပးခဲ့ၾကၿပီး လက္ရွိမွာ အေျပာင္းအေရႊ႕ျဖစ္ေပၚလာဖို႔အတြက္ ခ်ယ္လ္ဆီးအသင္းရဲ့ ဆုံးျဖတ္ခ်က္သာ လိုအပ္ေတာ့ေၾကာင္း ေဖာ္ျပထားၾကပါတယ္။

Photo Credit: Marca.com

ဒါေပမယ့္ ခ်ယ္လ္ဆီးအသင္းဘက္ကေတာ့ အခုလို ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေရးႀကီးတ​ဲ့ အခ်ိန္ကာလတစ္ခုမွာ အသင္းရဲ့ အဓိက ကစားသမားကို လက္မလႊတ္လိုဘူးလို႔ သိရကာ ဝီလီယံကို ေခၚယူလိုပါက ရာသီကုန္မွသာ ထပ္မံ ႀကိဳးစားဖို႔ အေၾကာင္းျပန္ဖြယ္ရွိေနတယ္ လို႔ လန္ဒန္အေျခစိုက္ သတင္းဌာနေတြက သုံးသပ္ထားၾကပါတယ္။

စပိန်အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဆွာရက်ဇ်တစ်ယောက် ရာသီကုန် အထိ အနားယူရဖို့ရှိနေတာကြောင့် လက်ရှိ အပြောင်းအရွှေ့မှာ တိုက်စစ်ကစားသမားတွေကို ခေါ်ယူဖို့အတွက် ကြိုးစားနေပေမယ့် ယခု အချိန်အထိ အရာရောက် အောင်မြင်ခြင်းတော့ မရှိပါဘူး။

Photo Credit: Marca.com

မိုနာကိုအသင်းရဲ့ ဘန်ယီဒါ ၊ ဗလင်စီယာရဲ့ ရိုဒရီဂိုတို့ကို ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးစစ်စစ် တစ်ဦးထက် တိုက်စစ်အားသန် ကစားသမားတွေကို ပြောင်းလဲကာ ပစ်မှတ်ထားနေပြီး လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံ ကစားသမား ဝီလီယံကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

Photo Credit: Marca.com

ဝီလီယံဟာ ဘာစီလိုနာအသင်းရဲ့ ကာလရှည် ပစ်မှတ်ကစားသမားတစ်ဦးဖြစ်ပြီး အပြောင်းအရွှေ့ရာသီရောက်တိုင်း ဘာစီလိုနာနဲ့ သတင်း ထွက်ပေါ်လေ့ရှိသူဖြစ်ကာ စပိန်အခြေစိုက် သတင်းဌာနတွေကတော့ ဘာစီလိုနာအသင်းဟာ ဝီလီယံကို အမှန်တကယ် ကမ်းလှမ်းထားတာဖြစ်ကြောင်း အတည်ပြုပေးခဲ့ကြပြီး လက်ရှိမှာ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ ဆုံးဖြတ်ချက်သာ လိုအပ်တော့ကြောင်း ဖော်ပြထားကြပါတယ်။

Photo Credit: Marca.com

ဒါပေမယ့် ချယ်လ်ဆီးအသင်းဘက်ကတော့ အခုလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးတ​ဲ့ အချိန်ကာလတစ်ခုမှာ အသင်းရဲ့ အဓိက ကစားသမားကို လက်မလွှတ်လိုဘူးလို့ သိရကာ ဝီလီယံကို ခေါ်ယူလိုပါက ရာသီကုန်မှသာ ထပ်မံ ကြိုးစားဖို့ အကြောင်းပြန်ဖွယ်ရှိနေတယ် လို့ လန်ဒန်အခြေစိုက် သတင်းဌာနတွေက သုံးသပ်ထားကြပါတယ်။