ဒီနှစ်ဘောလုံးရာသီမှာ နည်းပြပိုင်းအဆင်မပြေမှုတွေနဲဲ့ လိုအပ်တဲ့နေရာအတွက် ကစားသမားဖြည့်တင်းမှု သေချာမလုပ်ဆောင်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါအမှတ်ပေးပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရမှတ်ကွာဟချက် ကျဉ်းမြောင်းစွာနဲ့ ပြိုင်ဆိုင်နေရသလို ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်တတ်လှမ်းဖို့က ခက်ခဲနေရကာ စပိန်ကိုပါဒယ်ရေးမှာလည်း စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ ဒါကြောင့်မို့ ဘာစီလိုနာအသင်းက လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ကစားသမားအင်အားဖြည့်တင်းမှုတွေကို များစွာလုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။

Photo Credit : Transfermarket

ဘာစီလိုနာအသင်းရဲ့ လာမယ့်နှစ်ဘောလုံးရာသီအတွင်း ခေါ်ယူသွားမယ့် ကစားသမားစာရင်းထဲမှာ ရန်းစ်အသင်းရဲ့ အသက်(၁၇)နှစ်အရွှယ် ဆယ်ကျော်သက်လူငယ်ကစားသမားလေး အက်ကျူရာဒိုကာမာဗင်ဂါလည်း ပါဝင်လို့နေပြီး အသင်းနဲ့ လက်တွဲဖြုတ်ဖွယ်ရှိနေတဲ့ ဝါရင့်ကွင်းလယ်လူဗီဒယ်နဲ့ အသက်အရွှယ်အရ အကျပိုင်းရောက်နေတဲ့ ဘူးစကတ်တို့ရဲ့နေရာအတွက် အစားထိုးဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ကာမာဗင်ဂါဟာ လက်ရှိဘောလုံးလောကအတွင်း တန်ကြေးအရမ်းမြင့်မားနေတဲ့ ဆယ်ကျော်သက်ကစားသမားဖြစ်လို့ သူ့ကိုခေါ်ယူဖို့ ဘာစီလိုနာဘက်ကနေ လက်လျော့လာနိုင်တယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : AS English

ရန်းစ်အသင်းရဲ့ ပြင်သစ်ဆယ်ကျော်သက်ကစားသမား ကာမာဗင်ဂါဟာ လက်ရှိမှာ တန်ကြေးက ယူရို၄၂သန်းအထိရှိနေသလို ရန်းစ်အသင်းဘက်ကနေလည်း သူတို့ရဲဲ့ကြယ်ပွင့်ကစားသမားအတွက် အနိမ့်ဆုံး ယူရိုသန်း(၅၀)အထိ အလိုရှိနေတာဖြစ်ပါတယ်။ ဒီလို တန်ကြေးအမြင့်မားဆုံး အနေအထားရှိနေတဲ့အတွက် ဘာစီလိုနာအသင်းက ကာမာဗင်ဂါကို ခေါ်ယူဖို့ လက်လျှော့သွားမှာဖြစ်ပေမယ့် ဘာစီလိုနာအသင်းရဲ့ မဟာပြိုင်ဘက်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ မလွယ်ကူတဲ့အတွက် ကာမာဗင်ဂါကို အရခေါ်ယူဖွယ်ရှိပါတယ်။ ဒီဆယ်ကျော်သက်ကစားသမားလေးကို မန်ချက်စတာယူနိုက်တက် စပါး လီဗာပူးလ် ဂျုဗင်တပ်စ်နဲ့ ပီအက်စ်ဂျီအသင်းတို့ကနေလည်း ခေါ်ယူဖို့အတွက် စိတ်ဝင်စားလျက်ရှိနေကာ ရီးရဲလ်ကို ရောက်ရှိဖို့သာ ပိုမိုနီးစပ်လျက်ရှိလို့နေပါတယ်။